Tuesday, January 3, 2012

islamization နှင့်ပတ်သက်၍ 59 လမ်းဗလီရဲ့ ဖြေရှင်းချက်

လေးစားချစ်ခင်အပ်ပါသော ညီအစ်ကိုမောင်နှမအပေါင်းတို့  -


       ဤကမ္ဘာပေါ်မှာ အတူတူနေကြတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားအရောင်၊ယုံကြည်ချက်မရွေး ညီအစ်ကို မောင်နှမအားလုံးအပေါ်အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ကျွန်တော်က ‘အတ်စလားမ်မုအလိုင်းကွမ်း(မ်)’(ငြိမ်းချမ်းသာယာမှု အပေါင်း၊ အသင်တို့အပေါ်ကျရောက်ပါစေလို့)
နှုတ်ခွန်းဆက်သလိုက်ပါရစေ။ ယနေ့အွန်လိုင်းပေါ်မှာ ပြန့်ကျဲနေတဲ့အစ္စလာမ်နဲ့ပတ်သက်ပြီးသက်သေပြချက်မရှိ၊ အထောက်အထားမရှိပဲ တစ်ဖက် သတ်ဆန်စွာ၊ ရိုင်းစိုင်းစွာ၊
စွပ်စွဲထားတဲ့ စွပ်စွဲချက်များဟာဆိုရင် တည်ငြိမ်မှုပျက်ပြားအောင်
အေးချမ်းသာယာမှု ပျက်ပြားအောင် တစ်ဦးနဲ့ တစ်ဦးအကြားမှာရှိတဲ့
ချစ်ခြင်းမေတ္တာကိုပြိုကွဲအောင် အကျိုးပျက်စီးအောင်
တမင်ကြံဆောင်ရည်ရွယ်ဖန်တီးထားတဲ
့ သဘောကိုသက်ရောက်နေပါတယ်။ တစ်ဦးနဲ့
တစ်ဦး၊ တစ်ဖက်နဲ့ တစ်ဖက်ရင်းနှီးချစ်ခင်စွာ နေထိုင်နေကြတာကို မနာလို၊
မရှုစိမ့် တဲ့သဘောမျိုးဆန်နေပါတယ်။ နိုင်ငံတော်အတွင်းမှာ
စည်းလုံးညီညွတ်စွာနေထိုင်နေတာကိ
ု ညီညွတ်ရေးပျက်ပြားပြီး အချင်းချင်း
တိုက်ခိုက်ပြီး သွေးထွက်သံယိုဖြစ်မှုကို ဦးတည်ရည်ရွယ်နေပါတယ်။
   
 အမှန်တကယ်မှာတော့ သဘောထားရိုးဖြောင့်ခဲ့မယ်ဆိုရင် မိမိစွပ်စွဲချင်တာ၊
မိမိသိချင်တာတွေကို သမိုင်းပညာရှင်တွေ အစ္စလာမ်ပညာရှင်တွေနဲ့
တွေ့ဆုံပြီးအရင်ဆုံးမေးမြန်းညှိ
နှိုင်းသင့်ပါတယ်။
အမှန်တကယ်ဖြစ်ခဲ့ရင်တောင် ဒီလိုအနိဋ္ဌာရုံတွေ နောက်နောင်ကိုမဖြစ်ရလေအောင်
ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာကို သဘောထားကြီးကြီးနဲ့
စိတ်စေတနာဖြူစင်သန့်ရှင်းစွာ နဲ့ ဗုဒ္ဓဘာသာရဲ့အဆုံးအမ၊
ဂျူးဘာသာရဲ့အဆုံးအမ၊ ခရစ်ယာန်ဘာသာရဲ့အဆုံးအမတွေနဲ့
ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမှာဖြစ် ပါတယ်။ ဒါပေမဲ့
ဖြစ်သင့်ဖြစ်ထိုက်တာကို ကျောခိုင်းမျက်ကွယ်ပြုပြီး မှတ်ပုံတင်အမှတ်မပါ
နေရပ်လိပ်စာအတိအကျမပါပဲ ကိုယ် ထင်ရာတွေကို ကိုယ်စွပ်စွဲရေးသားပြီး
ကိုယ်ကိုယ်တိုင်တာဝန်မယူရဲတဲ့ စွပ်စွဲချက်တွေကို Online
ပေါ်မှာဖြန့်နေတာကိုက သူရဲ့ မူလစိတ်ရင်းမှန်ကိုပေါ်လွင်စေပါ
တယ်။
       ဒါပေမဲ့ဒီလို မတော်တရော်ဖန်တီးပြီး Online ပေါ်မှာဖြန့်နေတဲ့
“Islamization” ပြုလုပ်နေပါတယ် ဆိုတဲ့သတင်းမှားကြီး
ကိုတော့တည်ငြိမ်အေးချမ်းရေး၊ အတူတကွပူးတွဲနေထိုင်ရေး၊
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး
ကိုလိုလားတဲ့ ကျွန်တော်တို့မွတ်စ
လင်မ်လူငယ်တွေကတော့ အထောက်အထားများနှင့်တကွ
ပြန်လည်ရှင်းလင်းတင်ပြလိုပါတယ်။ အများပြည်သူတွေအနေနဲ့ အဖျက်သမားတွေရဲ့
ပယောဂထဲကိုအငိုက်မမိစေဖို့ ကျွန်တော်တို့မွတ်စလင်မ်တွေအေ
နနဲ့လည်း
မိမိတို့ရဲ့ နေပုံ၊ ထိုင်ပုံ၊ ပြောပုံ၊ ဆိုပုံတွေကို
ပြန်လည်သတိပြုသုံးသပ်နိုင်စေရန်
ရည်ရွယ်ပြီးဖြေရှင်းတုံ့ပြန်ြ
ခင်းပဲဖြစ်ပါတယ်။
       Islamization ဆိုတဲ့ဝေါဟာရဟာ
မွတ်စလင်မ်တွေရဲ့ပရ၀ုဏ်မှာ၊ကျမ်
းမြတ်ကုရ်အာန်မှာ၊ ဝေါဟာရအရလည်းကောင်း၊
အနက်သဘောအရလည်းကောင်း မရှိတဲ့စကားလုံး၊ အသုံးပြုခြင်းမရှိတဲ့ စကားလုံးပါ။
အစ္စလာမ်ဆိုတဲ့ ဝေါဟာရဟာ ငြိမ်းချမ်း ခြင်း၊ အမိန့်နာခံခြင်း
ဆိုတဲ့အဓိပ္ပါယ်ပါ။ သူတစ်ပါးအပေါ်လွှမ်းမိုးအနိုင်ယူခြင်း၊
ဖိနှိပ်ကျွန်ပြုခြင်းဆိုတဲ့ အဓိပ္ပါယ်မျိုးတွေ မဟုတ် ပါ။
မိမိတို့ကိုယ်တိုင်တောင် စစ်မှန်တဲ့အစ္စလာမ်ဘာသာဝင်တစ်ယော
က်ဖြစ်အောင်
အတော်ကြိုးစားနေရတဲ့အချိန်မှာ သူတစ်ပါး
ကိုပါအစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်အောင်အစ္စလာမ်ဘာသာထဲအတင်းယုံကြည်ဝင်ရောက်ဖို့တိုက်တွန်းလှုံ့ေ
ဆ်ာရေးဟာ
မဖြစ်နိုင်သေးတဲ့ကိစ္စပါ။ အစ္စလာမ်ကို ဒီလောက်တော်ကြောက်ကန်
နေမယ်ဆိုရင်တော့ မိုးပြိုမှာကိုအတိုင်းမသိကြောက်
ရွံနေတဲ့
သတ္တ၀ါငယ်ကလေးတစ်ကောင်လိုများဖြစ်နေပါပြီလား။စားမ၀င်၊အိပ်မပျော်နဲ့အကြောက်လွန်ခြင်းဟာမိမိကို
ယ်မိမိဒုက္ခပေးခြင်းတစ်မျိုးပါ။
       ကမ္ဘာပေါ်မှာဘာသာတရားတွေ အများကြီးရှိပါတယ်။ ဘယ်ဘာသာတရားကမျှ
အခြားဘာသာတရားကို ကြောက်လန့် စေဖို့ချောက်လှန့်မထားပါဘူး။
တိုက်ခိုက်တော်လှန်ဖို့လည်း လမ်းမညွှန်ထားပါဘူး။ ဘာသာတရားတစ်ခုကို
ယုံကြည်သက်ဝင် ခြင်းဟာ စိတ်အေးချမ်းသာယာခြင်း၊ သောကကင်းဝေးခြင်း၊
လူသားတွေအပေါ်မှာ ညှာတာထောက်ထားခြင်းကိုပဲဖြစ်ေ
စပါတယ်။
ကိုယ့်ဘာသာတရားအပေါ်မှာ ကိုယ်ကခိုင်ခိုင်မာမာ
သံဓိဋ္ဌာန်ချပြီးယုံကြည်ထားသူတစ်ေ
ယာက်အတွက် ဘာကိုမျှဂရုစိုက်စရာ မလိုပါဘူး။
ဒါကြောင့်ကိုယ့်ကိုယ်ကို ငါသည် ငါ့ဘာသာတရားအပေါ်အမှန်တကယ်
ခိုင်ခိုင်မာမာယုံကြည်ပြီးလား လို့မေးခွန်း ထုတ်ကြည့်လိုက်ပါ။

       ကမ္ဘာ့နိုင်ငံ(၉၉)ရာခိုင်နှုန်းမှ
ာ စစ်တပ်ရှိပါတယ်။ စစ်တပ်ဆိုတာက
လက်နက်ကိုင်ထားတယ်။ ကိုယ့်နိုင်ငံကိုကျူးကျော် ရန်စလာမယ်ဆိုရင်တော့
လက်နက်နဲ့ဖြေရှင်းရပါလိမ့်မယ်။ ဒါကို လူသတ်ဂိုဏ်းဖွဲ့ထားပါတယ်လို့
စွပ်စွဲမလား။ အေးချမ်းစွာ နေလိုသူတွေရဲ့အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့
နိုင်ငံတိုင်းမှာဥပဒေတွေ ပြဋ္ဌာန်းထားပါတယ်။ ဒီဥပဒေကိုချိုးဖောက်လာမယ်
ဆိုရင်တော့ သတိပေးမယ်။ ဆက်ပြီးကျူးကျော်မယ်ဆိုရင်တော့
လက်နက်နဲ့ဖြေရှင်းတာကို ကမ္ဘာ့လူသားအားလုံးက တစ်ညီ တစ်ညွတ်တည်း
လက်ခံထားပါတယ်။ ဒီလိုလက်နက်နဲ့ဖြေရှင်းလိုက်ရတာ
ကို လူ့အသက်သတ်တဲ့အတွက်
အပြစ်(Sin)ဖြစ်တယ် ဆိုပြီးလူမိုက် အကြိုက်လိုက်ပြီး မှတ်ချက်ပေးမလို့လား။
အစ္စလာမ်ဘာသာဝင်တစ်ယောက်ဟာ အစ္စလာမ်အယူဝါဒပြန့်ပွား ရေးအတွက်
အစ္စလာမ်မဟုတ်သူတွေကို သတ်ပစ်ရမယ်။ ဒါမှကုသိုလ်ရပြီးကောင်းကင်ဘုံကိ

ရမယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ဘယ် အပေါ်မှာ အထောက်အထားပြု အခြေခံထားသလဲ။
ဒီစွပ်စွဲချက်မှန်မယ်ဆိုရင် ကမ္ဘာ့မွတ်စလင်မ်နိုင်ငံတွေမှာ  လက်နက်တိုက်
ကြီးတွေ လက်နက်စက်ရုံကြီးတွေ အဆမတန်ကြီးမားတဲ့ စစ်သည်အင်အားတွေ
အဆမတန်မြင့်မားလှတဲ့ စစ်အသုံးစရိတ်တွေ ဆောက်လုပ်သုံးစွဲမှာပေါ့။
နျူကလီးယားဗုံးတွေထုတ်ပြီး မွတ်စလင်မ်မဟုတ်တဲ့
နိုင်ငံတွေအပေါ်ကြဲချလိုက်မှာပေါ
့။ ဒါပေမဲ့ ဒီကနေ့ကမ္ဘာ့နိုင်ငံတွေထဲမှာ
လက်နက်တိုက်ကြီးတွေ လက်နက်စစ်ရုံကြီးတွေ စစ်သည်အင်အား အကြီးအကျယ်ထူထောင်
နေတာတွေ အခြားနိုင်ငံအပေါ်အနုမြူဗုံးချခဲ
့တာတွေဟာ
မွတ်စလင်မ်နိုင်ငံတွေလား။ အခြားဘာသာကိုးကွယ်တဲ့ နိုင်ငံတွေလား ဆိုတာ
တစ်ချက်လောက်စောင်းငဲ့ကြည့်လို
က်ပါဦး၊ ဘာမှမသိပဲ
မွတ်စလင်မ်ကိုမုန်းတီးရုံမျှနဲ့ မစွပ်စွဲလိုက်ပါနှင့်။
       မွတ်စလင်မ်တွေဟာ အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က
စေလွှတ်တဲ့တမန်တော်မြတ် မုဟမ္မဒ်ကိုလည်းကောင်း
မိမိတို့ရဲ့အသက်ထက်ပိုချစ်တယ်ဆိ
ုတာဟာ မှန်ပါတယ်။ ဒါအထူးအဆန်းတစ်ရပ်တော့
မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ မြတ်ဗုဒ္ဓကိုချစ်ကြောက်ရိုသေမှာ
ပါ။
ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဟာ ယေရှုသခင်ကို ချစ်ခင်မှာပါ။ မွတ်စလင်တစ်ဦးရဲ့
အသက်ဟာကုရ်အာန်ကျမ်းမြတ်ဖြစ်သလိ
ု ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့
အသက်ဟာပိဋကတ်သုံးပုံ ကျမ်းဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ရဲ့
အသက်ဟာလည်း (BIBLE) သမ္မာကျမ်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်ဘာသာရဲ့ကျမ်းကမှ
ကိုယ့်ဘာသာဝင်မဟုတ်သူကို သတ်ဖြတ်ပစ်ရမယ်လို့ မညွှန်ကြားထားပါဘူး။
       အကယ်၍ ဦးနှောက်ရှိမယ်ဆိုရင် စဉ်းစားကြည့်လိုက်လို့ရပါတယ်။
မွတ်စလင်မ်တွေဟာ မွတ်စလင်မ်မဟုတ်သူမှန်သမျှ ကိုသတ်ပစ်ရမယ်ဆိုရင်
ကမ္ဘာ့လူဦးရေ သန်း(၆၀၀၀)မှာ မွတ်ဆလင်မ်လူဦးရေက သန်း(၂၀၀၀)လောက်ပဲရှိတာ။
ဒီလူဦးရေ သန်း(၂၀၀၀)က ကျန်လူဦးရေ သန်း(၄၀၀၀)ကို သတ်ပစ်ရမယ်ဆိုတာ
အရူးတစ်ယောက်တောင်လက်မခံနိုင်တဲ
့ အဆိုတစ်ရပ် ဖြစ်ပါတယ်။
ချင့်ချင့်ချိန်ချိန်တော့ပြောဖိ
ု့လိုပါတယ်။ အလ္လာဟ်အရှင်မြတ်က
မွတ်စလင်မ်တွေအနေနဲ့ မွတ်စလင်မ်မဟုတ်သူတွေ ကိုသတ်ပစ်ရမယ်လို့
ကုရ်အာန်ကျမ်းရဲ့ဘယ်နေရာမှာ ပြောထားသလဲ။ ကမ္ဘာ့လူဦးရေရဲ့
သုံးပုံတစ်ပုံကလက်ခံထားတဲ့
ကုရ်အာန်ကျမ်းဟာ“လူသတ်ကျမ်း”လို
့စွပ်စွဲလိုက်တာဟာ ကမ္ဘာ့လူဦးရေရဲ့
သုံးပုံတစ်ပုံကိုစော်ကားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုစွပ်စွဲစော်ကားသူဟာ
ဘာသာတရားတစ်ခုကို သက်ဝင်ယုံကြည်ကိုးကွယ်သူတစ်ယော
က်ဖြစ်ခဲ့မယ်ဆိုလျှင်
သူယုံကြည်ကိုး ကွယ်နေတဲ့ ဘာသာတရားကသူ့ကို ဒီလိုပဲတစ်ဖက်သတ်စွပ်စွဲဖို့
ညွှန်ကြားနေပါသလား။ မဖြစ်နိုင်ပါဘူးလို့ထင်ပါတယ်။ သူကိုယ် တိုင်က
စိတ်ကျရောဂါ(သို့မဟုတ်) စကီဇိုဖရီးနီးယားလို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားနဲ့
ရူးသွပ်နေသူပဲဖြစ်ပါလိမ့်မယ်။
       ကျမ်းမြတ်ကုရ်အာန်မှာ လူသတ်ဖို့မပြောနဲ့
ခိုင်လုံတဲ့အကြောင်းပြချက်တစ်စံ
ုတစ်ရာမရှိပဲ သက်ရှိတစ်စုံတစ်ရာကို
တောင်သတ်ဖြတ်ခွင့်မပေးထားပါဘူး။ ဒီအချက်ကို ကုရ်အာန်အထောက်အထားတွေနဲ့
တင်ပြပါရစေ။
       ကျမ်းမြတ်ကုရ်အာန် (ကဏ္ဍ ၁၇း ပါဒတော် ၃၃)တွင် “ သင်တို့သည်
အလ္လာဟ်အရှင်မြတ်က တားမြစ်ချက်ထုတ်ပြန် ပြဋ္ဌာန်းထားပြီးသော
မည်သည့်သက်ရှိတစ်စုံတစ်ရာကိုမျှ ခိုင်လုံသောအကြောင်းပြချက်မရှိ
ဘဲ
သတ်ဖြတ်အဆုံးစီရင်ခြင်း မပြုကြလေနှင့်။ မတော်မတရား သတ်ဖြတ်အဆုံးစီရင်
ခံရသူဘက်မှ လိုက်ပါအရေးဆိုနိုင်သည့် အခွင့်အာဏာကို ငါအလ္လာဟ် အရှင်မြတ်
စီမံပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ အဆုံးစီရင်ခြင်းနှင့်ပတ်သက်၍
မည်သူတစ်ဦးတစ်ယေက်ကမျှ တရားမျှတမှု ကိုကျောခိုင်း၍ အလွန်အကျွံ
လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါစေနှင့်။ ဧကန်အမှန်ပင်မတော်မတရားဖိနှိပ်သတ်ဖြတ် ခံရသူ တစ်ဦးအတွက် လုပ်ပိုင်ခွင့်ဆိုင်ရာ
အခွင့်အလမ်းများ ပေါ်ထွန်းလာမည်ဖြစ်သည်။” (၁၇း၃၃)

ရှင်းလင်းချက်။  ။ ဤကမ္ဘာမြေပေါ်တွင် အားသာချက်ရှိနေသူတို့က
အားနည်းချက်ရှိသူတို့အား ဖိနှိပ်ရက်စက်နေခြင်းက တရားမျှတမှုကင်းမဲ့ခြင်း၊
ယုတ်မာရိုင်းစိုင်းရက်စက်ခြင်း၊ လူမဆန်ခြင်း အစရှိသည့်လက္ခဏာမျာကို
ရည်ညွှန်းပြသလျက် ရှိသည်။ မိမိတို့၏အားသာချက်တစ်စုံတစ်ရာ
ကို
အခွင့်ကောင်းယူ၍ တစ်ဖက်သားအပေါ် ဖိနှိပ်အနိုင်ကျင့်ခြင်းသည်
လိမ္မာယဉ်ကျေးသော လူ့ပတ်ဝန်းကျင်တစ်ခုကို ကိုယ်စားပြုသော လုပ်ရပ်မဟုတ်ပေ။
ကျမ်းတော်မြတ်ကုရ်အာန်က တိုးတက်သော လိမ္မာယဉ်ကျေး သော
လူ့ပတ်ဝန်းကျင်တစ်ရပ်ကို ထူထောင်နိုင်ရန် အဓိကကျသော
အခြေခံအချက်အလက်များတွင် တရားမျှတမှုရှိခြင်းက
လည်းအခြေခံအချက်တစ်ရပ်အဖြစ်ပါ
ဝင်လေသည်။
       ကျမ်းမြတ်ကုရ်အာန်က တိကျမှန်ကန်စွာတရားစီရင်ခြင်း
မရှိဘဲ
လူသားတစ်ဉ်ီးတစ်ယောက်ကို ဖမ်းဆီးချုပ်နှေင်ခြင်း၊ ပြစ်ဒဏ်ပေးခြင်း၊
သေဒဏ်ပေးခြင်းတို့ကို လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ်
ကျူးကျော်စော်ကားခြင်းအဖြစ် သတ်မှတ်ထားလေ သည်။ ကုရ်အာန် (၅း၃၂)တွင်
“ဘနီအီစ်ရာအီးလ်” မျိုးနွယ်များကို အကြောင်းပြု၍
အောက်ပါအတိုင်းပြဋ္ဌာန်းထားလေသည်။
       “ဧကန်အမှန်ပင် မည်သူမဆိုလူသားတစ်ဦးတစ်ယောက်အာ
း အသက်တစ်ချောင်း၏
အစားမဟုတ်သလို တိုင်းပြည်၌ ဆူပူသောင်းကျန်းနေခြင်းလည်းမဟု
တ်ဘဲ
သတ်ဖြတ်အဆုံးစီရင်ခဲ့ပါလျှင် လူသားထုတစ်ရပ်လုံးအား
သတ်ဖြတ်အဆုံးစီရင်ခြင်း ပင်ဖြစ်သည်။ အလားတူပင် မည်သူမဆိုလူသားတစ်ဦး၏
အသက်ရှင်သန်ရေးကို ဖေးမကူညီဆောင်ရွက်ခြင်းသည် လူသားထု တစ်ရပ်လုံးအား
ဖေးမကူညီဆောင်ရွက်ပေးခြင်းပင် ဖြစ်သည်။” (ကုရ်အာန် ၅း၃၂)
       အစ္စလာမ်က တရားစီရင်ရေးဆိုင်ရာအခွင့်အာဏာ
ကို တိကျမှန်ကန်စွာ
ကိုင်တွယ်ဆောင်ရွက်ရန် လမ်းညွှန်ပြဋ္ဌာန်း လျက်ရှိသည်။ မတော်မတရား
ဖိနှိပ်စော်ကားခံရသူဘက်မှ ရပ်တည်အကာအကွယ်ပေးကြရန်ကိုလည်း
တိုက်တွန်းနှိုးဆော်ထား လေသည်။ အလားတူတရားစီရင်ရာ၌
တစ်ဖက်စောင်းနင်းပြုမူဆောင်ရွက်
ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်
မမျှတစွာဆောင်ရွက်ခြင်း၊ အဂတိတရားလေးပါး လက်ကိုင်ပြု၍တစ်ဖက်သတ်
အလွန်အကျွံဖိအားပေး၍ အမိန့်ပြဋ္ဌာန်းခြင်းတို့ကို လုံးဝမပြုလုပ်ရန် တားမြစ်
ထားလေသည်။ ထိုသို့ ပြုခဲ့ပါမူ “တရားကိုနတ်စောင့်သည်” ဟူသော
ဆိုရိုးစကားကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်က မတော် မတရား
ဖိနှိပ်ခံရသူတို့ဘက်မှ ရပ်တည်မည်ဖြစ်ကြောင်းကိုလည်းအသိ
ပေး
သတိပေးထားလေသည်။
       တစ်ဖန် ကျမ်းမြတ်ကုရ်အာန် (၄၂း၄၁၊ ၄၂း၄၂၊ ၄၂း၄၃)တို့၌ ဖိနှိပ်ခံရသူတို့၏
လက်တုံ့ပြန်မှုနှင့်ပတ်သက်၍ လည်းကောင်း၊ ဖိနှိပ်သူတို့၏ပြစ်ဒဏ်နှင့်
ပတ်သက်၍လည်းကောင်း၊ ဖိနှိပ်ခံတို့၏ သည်းခံခွင့်လွှတ်မှုနှင့် ပတ်သက်၍
လည်းကောင်း အောက်ပါအတိုင်း ပြဋ္ဌာန်းထားလေသည်။
ကုရ်အာန်(၄၂း၄၁)
       “မည်သူမဆို မိမိသည် မတရားဖိနှိပ်စော်ကားခံခဲ့ရသည့်
အပေါ်
(မိမိခံစားရသည်နှင့်အညီ) ပြန်လည်လက်တုံ့ပြန်ခဲ့
လျှင်ယင်းကိစ္စသည်တစ်စုံတစ်ရာ ပြစ်တင်ဖွယ်ရာမရှိပေ။”(ကုရ်အာန် ၄၂း၄၁)
ကုရ်အာန်(၄၂း၄၂)
       “အမှန်တကယ်မှာမူ အမှန်တရား၊ သစ္စာတရားကို ကျောခိုင်း၍လူသားထုအပေါ်
မတော်မတရားဖိနှိပ်ရက်စက်နေကြ သူများ၊ တိုင်းပြည်အတွင်း၌
ဆူပူသောင်းကျန်းနေသူများအပေါ်၌သာမူ ဝေဖန်ပြစ်တင်ရှုတ်ချဖွယ်ရာဖြစ်
သည်။
သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာသော ပြစ်ဒဏ်များရှိလေသည်။”(ကုရ်အာန်
၄၂း၄၂)
ကုရ်အာန်(၄၂း၄၃)
       “သို့ရာတွင်အကြင်သူတစ်ဦးသည် (မိမိမတရားစော်ကားခံရမှုနှင့်ပတ်
သက်၍)
သည်းခံခွင့်လွှတ် သင်ပုန်းချေခဲ့မည်ဆို လျှင်ဧကန်အမှန်ပင်
ယင်းသို့သောပြုမူဆောင်ရွက်ချက်
သည် အရေးအရာကိစ္စရပ်များကို နက်နက်နဲနဲ
စဉ်းစားသမှုပြုပြီး ခိုင်ခိုင် လုံလုံ
သန္ဓိဋ္ဌာန်ချမှတ်နိုင်မှုတစ်ရပ်သာ
လျှင်ဖြစ်သည်။” (ကုရ်အာန် ၄၂း၄၃)
       ကျမ်းမြတ်ကုရ်အာန်က မတရားဖိနှိပ်ခံရမှုနှင့်ပတ်သက်ြ
ပီး လျော်ညီသော
လက်တုံ့ပြန်မှုကို ခွင့်ပြုထားသော်လည်း ရေရှည်အကျိုးတစ်ရပ်ရပ်ကို
ငဲ့ကွက်ပြီးခွင့်လွှတ်သင်ပုန်းေ
ချမှုကို အထူးအရေးပေးဖော်ပြထားလေသည်။
       ကုရ်အာန်ကျမ်းမှာ အစ္စလာမ်ဘာသာပြန့်ပွားရေးအတွက် အစ္စလာမ်ဘာသာမဟုတ်တဲ့
လူအားလုံးကို သတ်ပစ်ရမယ် လို့အဓိပ္ပါယ်ရတဲ့
ကျမ်းချက်(လူသတ်ခိုင်းတဲ့ကျမ်း
ချက်) (၁၂၃)ချက်တောင်ပါရှိတယ်ဆိုတာ
ဘယ်မှာပါလိမ့်၊ စွပ်စွဲသူကိုယ်တိုင် က ကုရ်အာန်ကို
စေ့စေ့ငှငှလုံးစေ့ပတ်စေ့ လေ့လာဖူးပါသလား၊ ဧကန္တတော့
အစ္စလာမ်ကိုမုန်းတီးနေတဲ့သူတွေ လုပ်ကြံဖန်တီး
ထားတဲ့စာအုပ်ထဲကခိုးချတာထင်ပါ
တယ်။
       လွန်ခဲ့တဲ့ နှစ်(၁၄၀၀)လောက်စပြီး အစ္စလာမ်က အခြားဘာသာတွေနဲ့
စစ်ဖြစ်ခဲ့တယ်။ ဒီအချိန်မတိုင်မီက ဘာသာ တရားတွေမှာ
စစ်ဖြစ်တာမရှိခဲ့ဘူးဆိုရင်တော့ သမိုင်းကိုမသိဖူး၊ နားမလည်ဖူးလို့ပဲ
မှတ်ချက်ပေးရပါလိမ့်မယ်။ တမန်တော်မြတ် မပွင့်ပေါ်မီ ကတည်းကကမ္ဘာပေါ်မှာ
စစ်မီးတွေအများကြီးတောက်လောင်ခဲ
့ရပါတယ်။ ဥပမာ ဂျူးတို့ရဲ့
ဂျေရုစလင်မ်မြို့တော်ကြီး ဟာရောမရဲ့တိုက်ခိုက်ခြင်း၊
ဂရိတို့ရဲ့ဝင်ရောက်တိုက်ခိုက်ြ
ခင်း အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
       အစ္စူလာမ်သည်လည်းကောင်း၊ ဗုဒ္ဓဘာသာသည်လည်းကောင်း၊
ခရစ်ယာန်ဘာသာသည်လည်းကောင်း စနစ်တစ်ခု အပေါ်အခြေခံထားခြင်းသာဖြစ်ပါတယ်။
ဘာသာတရားတိုင်းက မိမိတို့ဘာသာတရားရဲ့ ကောင်းမွန်တဲ့ကျင့်စဉ်၊ ကျင့်ရပ်တွေ
စနစ်ဇယားတွေ၊ ယုံကြည်ချက်တွေ၊ လက်တွေ့လုပ်ဆောင်ချက်တွေကို
ချပြပြီးတရားဟောပါလိမ့်မယ်။ စည်းရုံးပါလိမ့်မယ်။ လူသားထုတစ်ရပ်လုံးကို
လမ်းပြပါလိမ့်မယ်။ ဒီလုပ်ရပ်ကိုမကောင်းပါဘူး။ မတရားပါဘူး။ Islam will
dominate the whole  world ဆိုပြီး၊ Buddhism will dominate the whole
world ဆိုပြီး Chrstian will dominate the whole world ဆိုပြီး
အကြောက်အကန်လန့်ဖျပ်ဖို့လည်း မလိုပါဘူး။ လူသားတိုင်းမှာ
လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှ
ိပြီးသားပါ။ ဘာကိုယုံကြည်လက်ခံ
ရမလဲသူတို့သိပါတယ်။ ဗုဒ္ဓဘာသာကိုအများက ကြိုက်လို့ကိုးကွယ်မယ်ဆိုရင်လည်

အခြားဘာသာတွေက ဘာမှမနာလို ငြူစူ ပြီး ကလိတာ၊ ထေ့ငေါ့တာလုပ်ဖို့မလိုပါဘူး။
လူတိုင်းက ကိုယ့်ယုံကြည်ချက် ကိုယ့်ဘာသာတရားကို အလေးထားပြီး ချစ်မြတ်နိုး
ကြမှာပါ။ ဒါကိုမှားတယ်လို့ ပြောလို့မရပါဘူး။ အစၥလာမ္ဘာသာကို
မိမိနှစ်သက်လို့ မိမိယုံကြည်လို့ ကိုးကွယ်တာကိုမှားတယ်လို့ ဘယ်သူကမှ
ပြောပိုင်ခွင့်မရှိပါဘူး။ ဘာသာတရားတွေကိုယုံကြည်သက်ဝင်ြ
ကသူ
အချင်းချင်းမှာ လူ့အခွင့်အရေးဆိုတာက အလေးထားရမယ့်ကိစ္စပါ။ အစ္စလာမ်မှာ
ကျမ်းမြတ်ကုရ်အာန်မှာ အခြားဘာသာဝင်တွေကို သတ်ဖို့မပြောနဲ့
“သင်တို့သူတို့ကို မကောင်းမပြောရဘူး၊ ပြက်ရယ်မပြုရဘူး၊ မစော်ကားရဘူး၊
”ဆိုပြီးအတိအလင်းပြဋ္ဌာန်းထားပါ
တယ်။ ဒီပြဋ္ဌာန်းချက်ကို လက်မခံ
ရင်မွတ်စလင်မ်ရဲ့စည်းဘောင်အပြင်
ဖက်ကို ရောက်သွားရမယ်လို့
အတိအလင်းပြဋ္ဌာန်းထားတာကို သိထားဖို့လိုအပ်ပါလိမ့်မယ်။
       ဒါပေမဲ့အခုစွပ်စွဲနေတဲ့ မွတ်စလင်မ်တွေက ဘာသာခြားတွေကိုသတ်ပြီး
အစ္စလာမ်ကိုတိုးချဲ့နေပါတယ်ဆိုတဲ
့ စွပ်စွဲချက် ကစိတ်ကျရောဂါကိုခံစားနေရတဲ့
စိတ်ဝေဒနာရှင်တစ်ယောက်ရဲ့ ကယောင်ကတမ်းမြင်မက်တဲ့
အိပ်မက်တစ်ခုပဲဖြစ်ပါလိမ့်မယ်။ လူသတ်ပြီးဘာသာတရားကို
စည်းရုံးချဲ့ထွင်တယ်ဆိုတာဖြစ်နိ
ုင်ပါ့မလား။ လူတွေကကိုယ့်လို
အရူးမဟုတ်ဖူးနော်။ ကိုယ်ကသာ ကြောက်လန့်ပြီး လက်ခံချင်လက်ခံလိုက်ဦးမှာ၊
လူတွေကကိုယ့်လို ကြောက်စိတ်ရှိချင်မှရှိမှာပါ။ ကမ္ဘာပေါ်မှာ
ဓါးကိုကြောက်လို့ ယုံကြည်ချက်ပြောင်းသွားတယ်ဆိုတာ လူပျော့၊
လူညံ့တွေရဲ့အလုပ်ပါ။ အစ္စလာမ်မှာ ဓါးကိုကြောက်လို့ယုံကြည်ချက်ြေ
ပာင်းပြီး
အစ္စလာမ်ထဲဝင်လာသူတွေအတွက် နေရာမရှိပါ။ နေရာမပေးပါ။
       “အစ္စလာမ်ထဲသို့ မ၀င်ပဲငြင်းပယ်သူများကို နေရာမရွေးသတ်ကြလော့”ဆိုပြီး အင်္ဂလိပ်လို -
………. Kill the unbelievers (non – muslim) where you find them (Quran
9:5) ဆိုပြီး မှားယွင်းစွာရေးထားတာကို လည်းတွေ့ရပါတယ်။ အမှန်တကယ်
ကုရ်အာန်ကျမ်းမှာပါတဲ့ အရဗီဝေါဟာရက Unbelievers ဆိုတဲ့
အဓိပ္ပါယ်မသက်ရောက်ပါ။ ပိုဆိုးတာက non – muslim ဆိုပြီး
ကွင်းစကွင်းပိတ်နဲ့ ကိုယ့်သဘောနဲ့ကိုယ်ဖြည့်စွက်လို
က်တဲ့
စကားလုံးပဲဖြစ်ပါတယ်။ မူရင်း ကုရ်အာန်မှာ non – muslim
(မွတ်စလင်မ်မဟုတ်သူ - ဂိုင်းရ်မွတ်စလင်မ်)
ဆိုတဲ့အရဗီဝေါဟာရလုံးဝမပါရှိပါ။ ဒါကိုက အခြား ဘာသာတွေက
မွတ်စလင်မ်တွေအပေါ်အမြင်မကြည်အော
င်ရန်တိုက်ပေးခြင်းပဲဖြစ်ပါတယ်။ အမှန်တကယ်
ကုရ်အာန်(၉း၅)မှာ ပါရှိတဲ့ဝေါဟာရက “မွတ်ရှ်ရေကီးန်” (Mushrikeen)
ဖြစ်ပါတယ်။ ဒီအရဗီဝေါဟာရရဲ့ အဓိပ္ပါယ်က “အစ္စလာမ်ထဲသို့ မ၀င်ပဲငြင်း
ပယ်နေသူများ” (non – muslim) မွတ်စလင်မ်မဟုတ်သူများ
လို့အဓိပ္ပါယ်မထွက်ပါဘူး။ သူ့ရဲ့အဓိပ္ပါယ်အမှန်က “အစ္စလာမ် ဖြစ်ပါလျက်နှင့်
အစ္စလာမ်ကိုတုပဖျက်ဆီးသူ”လို့အဓိ
ပ္ပါယ်ရရှိပါတယ်။ “မိစ္ဆာကောင်”တွေပေါ့၊
ကုရ်အာန်ကသူတို့ကိုသော် လည်းကောင်း၊ သူတို့ရဲ့စနစ်ဇယားကိုသော်လည်းေ
ကာင်း၊
တိုက်ခိုက်ဖျက်ဆီးချေမှုန်းပစ်ဖိ
ု့ပြောနေတာပါ။ မိစ္ဆာကောင်ကိုလည်
ပင်းဖက်ပြီးပေါင်းပါလို့ ဘယ်ဘာသာတရားကညွှန်ကြားထားပါသလဲ။
ကိုယ်နဲ့မသက်ဆိုင်တဲ့ကိစ္စကိုဘာေ
ကြာင့်များ အကြောက် လွန်နေရပါလိမ့်။
ကုရ်အာန်(၄၇း၎)ကလည်း ဒီသဘောအတိုင်းပါပဲ။ မိမိကိုယ်တိုင်အရဗီကိုနားမလည်ပဲ

ကုရ်အာန်ကိုနားမလည် ပဲအကြောက်လွန်ပြီး အိပ်ရေးတွေပျက်နေတာတော့
စိတ်မကောင်းပါဘူး။
       ကျွန်တော်တို့လည်းစိတ်မကောင်းပါ
ဘူး။ ကျွန်တော်တို့စိတ်မကောင်းတာက
အစ္စလာမ်မဟုတ်သူတစ်ယောက်က အစ္စလာမ်တွေ ယုံကြည်တဲ့ကျမ်းချက်ပါ
စကားလုံးတွေကို အလွဲလွဲအချော်ချော်ဖြစ်အောင်ြ
ပင်ဆင်
ဖျက်ဆီးလိုက်ခြင်းပါပဲ။ Unbelievers ဆိုပြီး non – muslim
ဆိုပြီးမူရင်းကျမ်းမှာ မပါတဲ့ ၊ မူရင်းကျမ်းနဲ့ဆန့်ကျင်တဲ့ဝေါဟာ
ရတွေကို
ရည်ရွယ်ချက်ရှိစွာနဲ့ ကြံစည်လုပ်ဆောင်ထည့်သွင်းလိုက်
ပါတယ်။
ဒါကဘာသာတရားတစ်ခုကို စော်ကားလိုက်ခြင်းပါ။ လက်ဆုပ်လက်ကိုင်နဲ့
လက်တွေ့ပြရမယ်ဆိုရင်တော့ လတ်တလောမှာပင် အစ္စလာမ်မဟုတ်သူဘာသာခြားတစ်ယောက်
က
အစ္စလာမ်ကို စော်ကား လိုက်ပါပြီ။ ဘယ်မွတ်စလင်မ်တစ်ယောက်ကမှ
အခြားဘာသာရဲ့ကျမ်းကို လုပ်ကြံစော်ကားခြင်းမရှိပါဘူး။ ဘာသာတရားတွေရဲ့
အဆုံးအမရှုထောင့်ကကြည့်ရင် အင်မတန်မှ အပြစ်ကြီးတဲ့ကိစ္စပါ။
အစ္စလာမ်မှာအခြားဘာသာတရားရဲ့ ဘုရားကျောင်းကန်တွေ၊ အမွေအနှစ်တွေ၊
ကျမ်းစာအုပ်တွေ၊ ရိုးရာယဉ်ကျေးးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့
ကုရ်အာန်မှာ အတိအလင်းပြဋ္ဌာန်းထား ပြီးဖြစ်ပါတယ်။
မရိုမသေမလေးမစားလုပ်ခွင့်လုံး
ဝမရှိပါဘူး။ အင်ဒိုနီးရှားဟာ
မွတ်စလင်မ်နိုင်ငံပါ။ အဲ့ဒီမှာ “ဗောရော ဗုဒု”စေတီ တော်ရှိပါတယ်။
လေးလေးစားစား ထိန်းသိမ်းထားပါတယ်။ ပါကစ္စတန်မှာ အလွန်ခံ့ညားတဲ့
ဗုဒ္ဓ၀င်ပြခန်းနဲ့ ဂေါတမမြတ်ဗုဒ္ဓရဲ့ အမွေအနှစ်တွေရှိပါတယ်။
ပါကစ္စတန်နိုင်ငံသားမွတ်စလင်မ်ေ
တွ အမြတ်တနိုးထိန်းသိမ်းထားပါတယ်။
ဒီကိစ္စုကိုအရှင်ဒေါက်တာ ဥာဏိတ္တရသိပါတယ်။ အာဖဂန်နစ္စတန်မှာ
အင်မတန်မှဥာဏ်တော်မြင့်တဲ့ ဗုဒ္ဓဆင်းတုတော်ကြီးရှိပါတယ်။ အာဖဂန်က
မွတ်စလင်မ်တွေဟာ ဒီဆင်းတုတော်ကြီးကို နှစ်ပေါင်းများစွာမူမပျက်
ထိန်းသိမ်းခဲ့ပါတယ်။ ၀မ်းနည်းစရာ၊ ယူကျုံးမရစရာ အဖြစ် တစ်ခုကတော့
ဘာသာရေးအစွန်းရောက် “တာလီဘန်”တစ်စုရဲ့လက်ချက်နဲ့ပြု
ိပျက်ခဲ့ရပါတယ်။
မွတ်ဆလင်မ်နိုင်ငံအတော်များ များက မဖျက်ဆီးဖို့အတွက်
တာလီဘန်တွေကိုတားဆီးခဲ့ပါတယ်။  ဒါပေမဲ့ နားတစ်ဖက်၊ မျက်လုံးတစ်ဖက်ပဲပါတဲ့
တာလီဘန် တွေဟာ ဇွတ်တရွတ်ဖျက်ဆီးခဲ့ပါတယ်။
အာဖဂန်နိုင်ငံရဲ့ရှေးဟောင်းအမွေ
အနှစ်တစ်ခု ဆုံးရှုံးသွားခဲ့ရပါတယ်။
သမိုင်းတစ်ခု ပျောက်ကွယ်သွားခဲ့ရပါတယ်။ မွတ်စလင်မ်တွေအတွက်
ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ပါ။ သံဝေဂယူရမဲ့ သင်ခန်းစာတစ်ရပ်ပါ။
       ကမ္ဘာပေါ်မှာ စစ်ရှုံးလို့လူမျိုးပျောက်ကွယ်သွ
ားတယ်ဆိုတာ
ဘာသာတရားပျောက်ကွယ်သွားတယ်ဆိုတာ အသိတရား မဲ့နေသူတွေရဲ့အယူအဆတစ်ရပ်ပါ။
မွတ်စလင်မ်တွေ စစ်ရှုံးဖူးပါတယ်။ ဘဂ္ဂဒက်မြို့ကြီးကိုမွန်ဂိုတွေ
ဝင်သိမ်းတဲ့အခါမှာ တစ်မြို့ လုံးမွတ်စလင်မ်
အရိုးတွေတောင်လိုပုံနေခဲ့ပါတယ်။ ချောင်းတွေ၊  မြောင်းတွေထဲမှာ
မွတ်စလင်မ်တွေရဲ့ သွေးတွေစီးဆင်းနေခဲ့ပါ တယ်။ အလားတူ
ဂျူးလည်းစစ်ရှုံးခဲ့ဖူးတယ်။ ခရစ်ယာန်လည်းစစ်ရှုံးခဲ့ဖူးတယ်။ ဘယ်လူမျိုးမှ
မပျောက်သလို ဘယ်ဘာသာမှ လည်းမပျောက်ပါဘူး။ လူမျိုးပျောက်တယ်။
ဘာသာပျောက်တယ်ဆိုတာက ကိုယ့်လူမျိုးရဲ့ဂုဏ်သိက္ခာကြို
မင့်တက်အောင် မကြိုး
စားရင၊် ကိုယ်ဘာသာတရားကို ကိုယ်အလေးမထားရင၊် ဇာတ်တူသားစားရင်၊
လူမျိုးပျောက်သွားမယ်။ ဘာသာလည်းပျောက် သွားပါလိမ့်မယ်။
ကိုယ့်ရဲ့အသုံးမကျမှု၊ မသိနားမလည်မှုတွေကို ပြုပြင်သွားမယ့်အစား
အခြားလူမျိုးတစ်မျိုးကိုခေါင်း
ပုံလွှဲချခြင်း မပြုပါနှင့်။
       အစ္စလာမ်ကို ကြောက်နေကြတဲ့သူတွေက မွတ်စလင်မ်တွေရဲ့ဝါးမျိုခြင်းကု

ဒီလိုခံလိုက်ရပါတယ်ဆိုပြီး လွဲမှားတဲ့ အချက်အလက်တွေကို
ထောက်ပြနေကြပြန်တယ်။
       Turkey (တူရကီနိုင်ငံ) မူလက ခရစ်ယာန်နိုင်ငံ
       Indonesia (အင်ဒိုနီးရှား) မူလက ဗုဒ္ဓဘာသာနိုင်ငံ
       Malaysia (မလေးရှား) မူလက ဗုဒ္ဓဘာသာနိုင်ငံ
       Afganistan (အာဖဂန်နစ္စတန်) မူလက ဗုဒ္ဓဘာသာနိုင်ငံ
       Parkistan (ပါကစ္စတန်) မူလက ဟိန္ဒူနိုင်ငံ
       Bangladesh (ဘင်္ဂလားဒေ့ခ်ျ) မူလက ဟိန္ဒူနိုင်ငံ စသည်ဖြင့်
မြန်မာနိုင်ငံထက်ပိုကြီးပြီး လူဦးရေပိုများတဲ့နိုင်ငံတွေ
တောင်မခံနိုင်ပဲ လူမျိုးလည်းပျောက်၊ ဘာသာလည်းပျောက်ခဲ့ရပါတယ်
လို့ဝေဖန်ထောက်ပြထားပါတယ်။
       အထက်ဖော်ပြချက်တွေမှာ မှားယွင်းနေတဲ့အချက်တွေ ရာနှုန်းပြည့်ပါဝင်နေပါတယ်။
တူရကီနိုင်ငံဟာမူလက ခရစ်ယာန်နိုင်ငံဆိုတာ မဟုတ်ပါဘူး။ အလားတူ
အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံတို့ဟာလည်း မူလကဗုဒ္ဓဘာသာနိုင်ငံ
ဆိုတာ လည်းမဟုတ်ပါ။ ဗုဒ္ဓဘာသာတော့ရှိပါတယ်။ ဒါပေမဲ့ နတ်ကိုးကွယ်မှု၊
ရိုးရာကိုးကွယ်မှုတွေက အများစုပါ။ အာဖဂန်နစ္စတန်နိုင်ငံ ဆိုတာလည်းမူလက
ဗုဒ္ဓဘာသာနိုင်ငံဆိုတာ မဟုတ်ပါဘူး။ အထောက်အထားမရှိပါ။
ဗုဒ္ဓဘာသာဝင်အချို့“ဘာမီယန်”အရပ်
မှာ ရှိခဲ့တယ်။ အဲဒီအရပ်ကို
ရှင်ဂေါတမရောက်ခဲ့ဖူးတယ်လို့တော
့ သမိုင်းမှတ်တမ်းအချို့ရှိပါတယ်။
“အာဖဂန်နစ္စတန်”ဆိုတဲ့ နာမည် ကိုက “ပဟ်လ၀ီ (Phelavi)”ဘာသာစကားဖြစ်နေပါတယ်။
ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ဟိန္ဒူနိုင်ငံတွေ မဟုတ်ပါဖူး။ ပါကစ္စ တန်ဆိုတာက
“ပါးက်”ဆိုတဲ့ အူရ်ဒူစကားနဲ့ “အစ်တန်”ဆိုတဲ့ အူရ်ဒူစကားကဆင်းသက်လာတာပါ။
“သန့်ရှင်းသောနယ်မြေ”လို့ အဓိပ္ပါယ်ရပါတယ်။ အိန္ဒိယမှာရှိတဲ့
မွတ်စလင်မ်တွေက “ဟိန္ဒူ”တွေရဲ့ လက်အောက်မှာမနေလိုပဲ ခွဲထွက်ခဲ့တာကြောင့်
“ပါကစ္စ တန်”ဆိုတာ ဖြစ်လာတာပါ။ ဘင်္ဂလားဒေ့ရှ်က
ယခင်ပါကစ္စတန်နိုင်ငံပဲဖြစ်ပါတယ်။ ဘင်္ဂါလီလူမျိုးအများစုနေထိုင်ြ
ကပါတယ်။
သူတို.အများစုကမွတ်စလင်မ်တွေပါ။နောက်ပိုင်းပါကစ္စတန်နိုင်ငံလက်အောက်ကခွဲထွက်ပြီးဘင်္ဂလားဒေ့ရှ်နိ
ုင်ငံအဖြစ်တည်
ထောင်ခဲ့တာပါ။
       ဘာသာတရားတွေရဲ့ အထွတ်အမြတ်ထားတဲ့ Holy Places တွေကိုမွတ်စလင်မ်တွေက
ဖျက်ဆီးခဲ့တယ်ဆိုတာ အထောက်အထားမဲ့ပြီး ဇာတ်နာအောင် မွတ်ဆလင်မ်တွေကို
ဘာသာခြားတွေက မုန်းတီးသွားအောင် လှုံ့ဆော်ပေးခြင်းပဲဖြစ်ပါ
တယ်။မွတ်စလင်မ်တွေကဘာသာခြားများရဲ့အထွတ်အမြတ်ထားရာတွေကိုဖျက်ဆီး၊မဖျက်ဆီးခြင်းဆိုတာထက်မွတ်
စလင်မ်တို့
ရဲ့ အထွတ်အမြတ်ထားတဲ့ ဆော်ဒီအာရေဗျရှိ မက္ကာဟ်မြို့မှာတော့
ဝက်တန်ဆာကိုကိုးကွယ်ပါတယ်ဆိုပြီ
း လောလောဆယ်မှာပဲ ဘာသာခြားတစ်ယောက်က
စော်ကားလိုက်ပါပြီ။ အဲဒီမြို့ထဲကို ဘာသာခြားတစ်ယောက်မှဝင်ခွင့်မရှိ
ဘူး။
ဝင်တာနဲ့ ခေါင်းဖြတ်ခံ ရတယ်ဆိုရင် ဒီဘာသာခြားကအထဲမှာ
ဝက်တန်ဆာကိုကိုးကွယ်နေပါတယ်လို
့ သူမရောက်ဖူးပဲ ဘာကြောင့်စော်ကား၊
မော်ကား ပြောရတာလဲ။ ဒါကိုက အစ္စလာမ်အပေါ်မှာ မရိုးမသားစွပ်စွဲပြောဆိုနေတာ
ပေါ်လွင်ထင်ရှားနေပါပြီ။
       ဘယ်ဗုဒ္ဓဘာသာကမှ၊ ဘယ်ဂျူးကမ၊ှ ဘယ်ခရစ်ယာန်ကမှ၊ မက္ကာဟ်မြို့ကို
မီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိပါဘူ
း။ ဒါပေမဲ့ မက္ကာဟ်ကျောင်းတော်ကြီးရဲ့
အမှတ်သင်္ကေတဖြစ်တဲ့ ကိုယ်စားပြုတဲ့ ဗလီဝတ်ကျောင်းတော်တွေ မြန်မာနိုင်ငံမှာ
မီးရှို့ဖျက်ဆီးခံ ခဲ့ရပါတယ်။
       ယနေ့ကမ္ဘာပေါ်မှာ အစွန်းရောက်မွတ်စလင်မ်တွေ အကြမ်းဖက်နေတာ၊ ဗုံးခွဲနေတာ
မွတ်စလင်မ်ထုတစ်ရပ်လုံးရဲ့ အကျိုးအတွက်မဟုတ်ပါဘူး။ သူတို့အာဏာရဖို့
သူတို့ရဲ့ဒေသတွေကို သူတို့ပြန်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတဲ့
နိုင်ငံရေးကိစ္စ တစ်ခုပဲဖြစ်ပါတယ်။ “အိုစမာဘင်လာဒင်” အသတ်ခံရတာကို
ကမ္ဘာ့မွတ်စလင်မ်အများစုက ဘာမှကြီးကြီးကျယ်ကျယ် မတုံ့ပြန် ကြပါဘူး။
       ကောင်းကင်ဘုံမှာ အလ္လာဟ်အရှင်မြတ်က ကာမစပ်ယှက်ဖို့ အပျိုစင်(၇၂)ယောက်နဲ့
လူပျိုပေါက်(၂၈)ယောက်ပေးထား မယ်လို့ မတော်မတရား ရေးပြထားပြန်တယ်။
အဲ့ဒီရေးသားချက်ကို မယုံရင်ကုရ်အာန်နဲ့ အထောက်အထားပြမယ်လို့ ပြောပြီး
အောက်မှာ အင်္ဂလိပ်လိုဘာသာနဲ့ ဘယ်ကမှန်းမသိတဲ့ စာပိုဒ်တွေရေးပြထားတယ်။
ကုရ်အာန်ဟာ အရဗီဘာသာနဲ့ကျလာတာ ပါ။ မူရင်းကိုပြမယ်ဆိုရင်
အရဗီနဲ့ရေးထားတာကိုပဲပြရမှာပါ။ ကုရ်အာန်ဟာ အင်္ဂလိပ်လိုဘယ်တုံးက
ဘယ်လိုရောက်ရှိလာသလဲ ဆိုတာကျွန်တော်တို့တောင်မသိပါဘူ
း။ အကယ်၍
ဘာသာပြန်ဆိုရင်လဲ မူရင်းအရဗီနဲ့မှန်မမှန် ပြန်တိုက်ဆိုင်ကြည့်လိုက်ပါဦး။
       မွတ်စလင်မ်အမျိုးသားတစ်ယောက်က အမျိုးသမီး(၄)ယောက်ယူပြီး
အမျိုးသမီးတစ်ယောက်ကို ကလေး(၅)ယောက် နှုန်းနဲ့ ကလေးအယောက်(၂၀)မွေးပြီးရင်
မိသားစုတစ်စုမှာလူဒီလောက်အမျာြး
ကီးကို အိမ်ထောင်သည်ယောက်ကျားက ဘယ်လို
ကျွေးနိုင်မှာလဲ။ စဉ်းစဉ်းစားစားလဲ ပြောကြပါဦး။
ဘာကြောင့်များမွတ်စလင်မ်ကို ဒီလောက်အထင်ကြီးနေရပါလိမ့်။
       တမန်တော်မြတ်ပါဝင်ခဲ့တဲ့ စစ်ပွဲတွေဟာသမိုင်းမှာ အမည်နာမနှင့်တကွ
အထင်အရှားမှတ်တမ်းရှိပါတယ်။ လက်နက်ချ အရှုံးပေးခဲ့တဲ့ ဂျူးလူမျိုး
၆၀၀ကျော်ကနေ ၉၀၀လောက်အထိကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့တဲ့စစ်ပွဲဟာ
ဘယ်စစ်ပွဲလဲ။ အမည်ကိုပြောနိုင်သလား။ အထောက်အထား အတိအကျရှိရဲ့လား။
တမန်တော်မြတ်က အလ္လာဟ်ဆီက အာရုံရလို့ အမျိုးသမီး
တွေကိုမုဒိမ်းကျင့်တယ်ဆိုပြီး စွပ်စွဲတာဟာ အင်မတန်မှယုတ်ညံ့တဲ့
ဘာသာမဲ့တစ်ယောက်ရဲ့ စွပ်စွဲချက်ပါ။ စစ်မှန်တဲ့ ဗုဒ္ဓ ဘာသာဝင်တစ်ယောက်၊
ခရစ်ယာန်ဘာသာဝင်တစ်ယောက်၊ ဟိန္ဒူဘာသာဝင်တစ်ယောက်ဟာ သူများဘာသာရေးဆိုင်ရာ
ပုဂ္ဂိုလ်တစ်ယောက်၊ အကြီးအကဲတစ်ပါးကို ဒီလိုအောက်တန်းကျတဲ့
ညစ်ညမ်းရိုင်းပျတဲ့ စကားလုံးတွေနဲ့ မိမစစ်၊ ဖမစစ်ဆန်စွာ
စွပ်စွဲရေးသားပြောဆိုမှာမဟုတ်ပါဘူး။လူတစ်ယောက်ဟာမုဒိမ်းမှုကိုကျူးလွန်တယ်လို့သတ်မှတ်ပြောဆိုဖို
့အရေးမှာခိုင်လုံတဲ့
သက်သေအထောက်အထားပြဖို့ စွပ်စွဲသတ်မှတ် ပြောဆိုသူမှာ တာဝန်ရှိပါတယ်။
အမှန်တကယ်မှာတော့ တည်ငြိမ်အေးချမ်းတဲ့ မြန်မာနိုင်ငံအတွင်းမှာ
ဘာသာရေးဆူပူမှုတစ်ရပ် ဖြစ်ပြီးမတည်မငြိမ်ဖြစ်အောင်
နိုင်ငံတော်အေးချမ်းသာယာမှုကို ပျက်ပြားအောင်သွေးထိုး
လှုံ့ဆော်နေခြင်းပဲဖြစ်ပါတယ်။ အင်မ တန်အကြံပက်စက်စွာ
လုပ်ကြံဖန်တီးနေခြင်းပဲဖြစ်ပါ
တယ်။ မွတ်စလင်မ်တွေ အသိရှိပါတယ်။
ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးပျက်စီး အောင်အကွက်ဆင်ထားတဲ့
ထောင်ချောက်ထဲကို ဘယ်လိုမှဝင်ရောက်မှာ မဟုတ်ပါဘူး။
       နောက်ဆုံးအချက်တစ်ချက်ကိုပဲ ဖြေရှင်းလိုက်ပါတော့မယ်။
တမန်တော်မြတ်ကဇနီး(၆၁)ယောက်ယူထာ
းတယ်ဆိုပြီး နာမည်တွေနဲ့ဖော်ပြထားပါတယ်။
ဒီနာမည်အားလုံးကို မွတ်စလင်မ်တွေတောင်မကြားဖူးပါ။
တွေ့ကရာစာအုပ်ရဲ့နာမည်တွေ လျှောက်ရေးထားပြီး အထောက်အထားဆိုပြီး
ပြပြန်တယ်။ အဲ့ဒီနာမည်တွေထဲက အချို့နာမည်တွေကို ကျွန်တော်တို့သိပါတယ်။
သူတို့တွေက တမန်တော်မြတ်ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ ဇနီးမယားတွေဖြစ်ပါတယ်။
အမှန်တကယ်မှာတော့ ဒီအမျိုးသမီးတွေရဲ့ ခင်ပ�¿

No comments:

Post a Comment