မိမိတို့၏ လူ့ဂုဏ်သိက္ခာ၊အစွမ်းအစကို ဆက်လက်ထိန်းသိမ်းနိုင်သည့် အရည်အသွေး ပိုင်ရှင်များသာ လျှင် လူ့ဘ၀သက်တမ်းတွင် ဆက်လက်ရှေ့တိုးနိုင်မည်ဖြစ်သည်။ ဖီလာဆန့်ကျင် ရန် ပြုနေသောဝန်း ကျင်ကို ကြံ့ခိုင်စွာရင်ဆိုင်တုံ့ပြန်ဖယ်ရှားနိုင်သည့်အင်အားရှိရမည်။ကသောင်းကနင်းဖြစ်နေသောဝန်းကျင်လုံ ခြုံအေးချမ်းမှုမဲ့ပြီး ပံ့ပိုးမှုကင်းမဲ့သောအရပ်ဒေသ၊ ပယောဂ မျာ ပြည့်နှက်နေသည့် အချိန်ကာလကို ပြန်လည် တုံ့ပြန်ပြီး ကာကွယ်မှုပြုနိုင်စွမ်းမိမိထံထာဝရရှိနေရန်လိုအပ်သည်။ဤအစွမ်းသတ္တိတို့မှာရုပ်ပိုင်းဆိုင်ရာပြင်ဆင်ထားနိုင်သောအရာများ သာဖြစ်သည်။ဤအစွမ်းသတ္တိမျိုးကို အခြားသတ္တ၀ါတွင် လည်း သဘာဝအတိုင်းတွေ့ရှိရပါသည်။ မဆန်းကြယ် လှပါ။
ဤနေရာတွင် လူနှင့် အခြား သတ္တ၀ါတွင် ကွာခြားမှုမရှိချေ။ “လူသည် အခြားသတ္တ၀ါတို့ထက် အဆင့်တ ဆင့်သာသည်။ လူသား၏ ယင်းသာလွန်သည့် အရည်အချင်းကပင် သာမန်သတ္တ၀ါ အဆင့်မှ လူအဆင့်သို့ ရောက်ရှိနေရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူသားဆိုသည့် အဆင့်တွင် မည်သည့်အရာက တမူထူးခြား စေပါသနည်း။”
လူသား၏ တမူထူးခြားသောအကြောင်းမှာ မိမိ၏လူ့ဗီဇစွမ်းအားသတ္တကို ကြီးထွားဖွံဖြိုးအောင်လေ့ကျင့် ပျိုးထောင်နိုင်စွမ်းရှိရမည်။ အရာရာကို လေ့လာဆင်ခြင်သိရှိရမည်။ ကျိုးကြောင်း ကောင်းဆိုး သိရမည်။ လူ့ဝန်းကျင်တစ်ခုလုံးကို အကျိုးပြုနေရမည်။ အသုံးဝင်အသုံးတည့်သူဖြစ်နေရမည်။ လူသားတို့၏ဆင်း ရဲဒုက္ခနှင့် ပြဿနာများအပေါ် ကိုယ်ချင်းစာနာမှု၊ မျှဝေခံစားမှု ရှိရမည် စသည်စသည့် လူဆန်သောအပြု အမူ၊ အဆက်အဆံ၊ အနေအထိုင်၊ အပြောအဆိုများရှိခြင်းတို့ပင် ဖြစ်သည်။
မိမိတစ်ကိုယ်တည်း မိမိတစ်မျိုးတည်း ကောင်းစားရေး ၊ကြီးပွားတိုးတက်၊ ကျန်းမာချမ်းသာ၊ လိမ္မာရေး ကိုသာ အာရုံပြုဆောင်ရွက်ခြင်း၊ စားအိပ်မျိုးပွားရုံအတွက် အသက်ရှင်ခြင်းသည် အ ခြားသတ္တ၀ါများနှင့် လုံးဝခြားနားခြင်းရှိမည်မဟုတ်သည့်အပြင် ဤသို့ဘ၀တည်ဆောက်ခြင်းသည် အလ္လာဟ်ကို မယုံကြည်၊ သွေဖည်၊ဆန့်ကျင်၊ ကျေး ဇူးကန်းခြင်းပင်ဖြစ်ကြောင်း ကုရ်အာန် ဆူရာ(၄၇) (၁၂)တွင်
ان اللة يدخل الذين آمنوا الصالحات تجري من تحتها الا نهار
“အလ္လာဟ်ကို သက်ဝင်ယုံကြည်ပြီး ဗီဇစွမ်းအား၊သတ္တိ၊ အရည်အသွေးများကို ပျိုးထောင်ပွားများရင်း မွန် မြတ်သောလုပ်အားဖြင့် အသက်ရှင်နေသူတို့အား မြစ်ချောင်းအင်းအိုင်များ တသွင် သွင်စီးတွေလျက်ရှိ သော ရေကဲ့သို့ သာယာဝပြော ထာဝရသုခချမ်းသာကို အမှန်တကယ်ပင် အလ္လာဟ်သည် စံစားစေမည် ဖြစ်သည်။”
والذين كفروايتمتعون وياكلون كماتاكل الانعام والنار مثوى لهم
အလားတူမဟုတ်သော အကြောင်းတစ်ရပ်မှာ-”အလ္လာဟ်ကို မယုံကြည် သွေဖည်သူတို့သည် အခွင့်အရေး ရှိသမျှ အကျိုးအမြတ်အပြည့်အ၀ ခံစားစံစားပြီး တိရစ္ဆာန်နည်းတူ စားသောက်ကြ ကုန်သည်။လောင် ကျွမ်းပျက်စီးယိုယွင်းမှုသည် ၄င်းတို့ရရှိမည့်နေရာမှန်ပင်ဖြစ်သည်။ ” ထို့ကြောင့် အလ္လဟ်ကလမ်းညွှန်ပြ သဖိတ် ခေါ်နေသည့် လူ့ဘ၀ တည်ဆောက်မှု ဆိုင်ရာပြဌာန်း ချက် များနှင့်မတူ ဆန့်ကျင်သည့် လူတို့တီ ထွင်ကြံဆ၊ ဖန်တီးဖော်ဆောင်ထားသော လူ့ဘ၀တည်ဆောက်မှုဝါဒ၊ လမ်းစဉ်များအတိုင်းနာခံကျင့်သုံး သူများရှိကြကုန်သည်။ လူ့ကျင့်ဝတ်သိက္ခာ တိုးမြှင့်စရာအကြောင်း လုံးဝမရှိ။ ယင်းသူတို့သည် ဘ၀ရည် ရွယ်ချက်မှာ တိရစ္ဆာန်များအတိုင်းပင် ငါ၊ငါ့ဆွေမျိုး၊ငါ့အသိုင်းအ၀န်း၊ ငါတို့လူတန်းစားသာ၊ အခြားဘယ် သူမှ မပါဝင်စေရ ဟု သတ်မှတ်ကြသည်။ ယင်းသူတို့အတွက် ကုရ်အာန်ဆူရာ(၄၇)၊အာယာသ် (၁၃)တွင်
وكاين من قرية هي اشد قوة من قريتك التي اخرجتك اهلكناهم فلا ناصر لهم
“(အို-တမန်တော်)သင့်ကိုနှင်ထုတ် ပစ်ခဲ့သော အရပ်ဒေသထက် အင်အားပိုမိုတောင့်တင်းသော မြို့ရွာဒေ သ မြောက်မြားစွာရှိသေးသည်။ အဲဒီအရပ်ဒေသရှိသူများကို ငါအရှင်ဖျက်ဆီး ချေ မှုန်းပစ်ခဲ့ရာသူတို့အား အကူညီပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိပါ”
အထက်ပါအတိုင်း ဘာကြောင့်ဖြစ်ရသနည်းဆိုသည်ကို ကုရ်အာန်ဆူရာ (၄၇)၊ အာယာတ်(၁၄)တွင် ကွင်း ကွင်း ကွက်ကွက်ဖော်ပြထားသည်။
افمن كان علي بينة من ربه كمن زين له سوء عمله واتبعوا اهواءهم
“မိမိတို့အား ပြုစုပျိုးထောင်ရှင်ထံမှ ပြဋ္ဌန်းချက်၊ ဥပဒေသအပေါ် အတိအကျရပ်၍ဘ၀တည်ဆောက်ကြ သူများသည် မှားယွင်းချွတ်ချော်တိမ်းစောင်းသော လုပ်ရပ်များမှာ မိမိတို့ထံတွင် တင့် တယ်လျောက်ပတ် ပါသည်ဟု ဆိုသူများနှင့် တူနိုင်ပါ့မလား။”
” ယင်း(ဒုတိယအမျိုးအစား) သူတို့သည် မိမိတို့၏အာသာဆန္ဒ၊ စိတ်နှလုံးပျော်မွေ့ရာကိုသာ လိုက်နာကျင့် သုံးနေကြသူတွေဖြစ်ကြသည်။”
ဒီတော့အလ္လာဟ်၏ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ပြီး မိမိတို့စိတ်နှလုံး အတွေးအခေါ်နှင့်ကိုက်ညီရာကို အဓိ ကထား ဘ၀ဆီမီးတန်ဆောင်အဖြစ် လက်ဆုပ်လက်ကိုင်ပြုထားသူတို့မှာ လူ့ဂုဏ် သိက္ခာမဲ့သည့်ဘ၀ကို ဖြတ်သန်း နေကြသူ များသာဖြစ်သည်။
လူ့ဂုဏ်သိက္ခာ၊တန်းဖိုးမြင့်မား စေသည့်နည်းလမ်းများ (၀ါ) လှေကား ထစ်များအတိုင်း ဖြတ်သန်း၍ အမြင့် သို့ တက်လှမ်းကြရန် ကုရ်အာန်ဆူရာ(၇၀)၊ အာယာတ်(၃)တွင်- من الله ذي المعارج
” မြင့်မားမှုသို့ တက်လှမ်းရသည့် လှေကားထစ်(၀ါ)နည်းနာများကို စိုးပိုင်သော အလ္လာဟ်” ဤနေရာတွင် ကြီး မားသောအတွေးအခေါ်တော်လှန်ရေး ကြီးတစ်ရပ်ကို ကုရ်အာန်က လမ်းညွှန်ပြ သထားသည်ကို လေ့ လာကြည့် ကြပါစို့။
ရောမလူမျိုးတို့နှင့် ကမ္ဘာအရှေ့ပိုင်းရှိ ဘာသာတရားကိုယုံကြည်သူတို့ လက်ခံထားသည့် အချက်တစ် ချက်မှာ စကြ၀ဠာအတွင်းရှိ သက်ရှိသက်မဲ့ အရာအားလုံးသည် စက်ဝိုင်းသံသရာ (cyclic دوري ) လည် သည့်အတိုင်း ဖြစ်ပျက်ပြောင်းလဲ လည်ပတ်ပြီးရင်း လည်ပတ်နေကြသည်ဟု ယူဆကြသည်။ ဤသည် ယင်းသူတို့၏ အယူ၊ ယုံကြည်ချက်။
ကုရ်အာန်က ညွှန်ပြနေသည့်အချက်မှာ ဆူရာ(၁၁)၊ အာယာတ်(၅၆)တွင်- ان ربي علي صراط مستقيم
” အမှန်တကယ်ပင် ကျွန်ုပ်(တမန်တော်)၏ ပြုစုပျိုးထောင်ရှင်သည် ဖြောင့်မတ်မှန်ကန်၊အချိုးစားကျ၊ ဟန် ချက်ညီသော စနစ်လမ်းကြောင်း ပေါ်၌ရှိ၏။ “
အလ္လာဟ်ကိုယ်တိုင်က အလ္လာဟ်၏စနစ်လမ်းကြောင်းသည် ကွေ့ကောက် တိမ်းစောင်း ရှုပ်ထွေးမှုကင်းပြီး အချိုးစားကျဟန်ချက်ညီသောစနစ်(၀ါ) လမ်းကြောင်းပင်ဖြစ်သည်ဟု အလ္လာဟ်အ တွက်သုံးသလို၊ တစ် ဖန် တမန်တော် မုဟမ္မဒ်(ဆွ)အတွက်လည်း ကုရ်အာန်ဆူရာ (၃၆)၊ အာယာတ်(၃ နှင့် ၄)တွင်-
انك لمن المرسلين علي صراط مستقيم
” အမှန်ပင်သင်(တမန်တော်)သည် စေလွှတ်ခြင်းခံရသူ၏ (တမန်တော်များအနက်မှတစ်ဦး)ဖြစ်သည်။ ဖြောင့်မတ်မှန်ကန်၊အချိုးစားကျ၊ ဟန်ချက်ညီသောစနစ်(၀ါ)လမ်းကြောင်းပေါ်တွင် သင်ရှိ၏။ “အလ္လာဟ် ကို သက်ဝင်ယုံကြည်သူတို့အားလည်း ဖြောင့်မတ်၊မှန်ကန်၊ အချိုးစားကျ၊ ဟန်ချက်ညီစနစ်(၀ါ)လမ်း ကြောင်း (ကုရ်အာန်)ကိုသာညွှန်ပြပါရန် ဆုတောင်းပန်ကြားစေ၏
ကုရ်အာန်ဆူရာ(၁)၊ အာယတ်(၆)တွင်- اهدنا الصراط المستقيم
” ကျွန်တော်တို့အား ဖြောင့်မတ်၊ မှန်ကန်၊ အချိုးစားကျ၊ ဟန်ချက်ညီစနစ်(၀ါ) လမ်းကြောင်း (ကုရ်အာန်) ကို သာ ညွှန်ပြပါ။ “
ယင်းတောင်းဆိုချက်အတိုင်း တောင်းဆိုစေပြီးနောက် ဆူရာ(၂)၊ အာယတ်(၂)တွင်- ذالك الكتاب لا ريب فيه هدي للمتقين
” အဲဒီကျမ်းစာ (ဥပဒေသ၊ စနစ်(၀ါ)လမ်းကြောင်း)ပဲပေါ့။ ယင်းစနစ်(၀ါ) လမ်းကြောင်း၌ ဒွိဟသံသယ ဖြစ် စရာ အမျိုးအစားတစ်ခုတစ်လေမျှ အလျှင်းမရှိပြီ။
အဲဒီအာယတ်ဝါကျတွင် စာစီထားပုံကကို အထူးတလည် လေးနက်မှုရှိ၏။ အရဗီစာ၊သဒ္ဒါ၊အနက်အဓိပ္ပါယ်၊ စာလုံးအထားအသိုကို နားလည်သဘော ပေါက်လျှင် အလွယ်တကူသိနား လည် နိုင်သည်။ အဲဒီကျမ်းစာ (ဥပဒေသ၊ စနစ်လမ်းကြောင်း)ထဲ၌ ဒွိဟသံသယဖြစ်စရာ အမျိုးအစား တစ်ခုတစ်လေမျှ အလျှင်းမရှိပြီ။ အဲဒီကျမ်းတော်မြတ်အာယတ်ထဲမှာ ဆိုလိုသည်မှာ ယင်း ကျမ်းစာထဲတွင် ဒွိဟသံသယပွားစရာ တစ်ခုတစ် လေ မျှအလျှင်းမရှိပြီ။ အဲဒီအပြင်မှာ အခြားလူလုပ် ကျမ်းများမှာတော့ ဒွိဟသံသယတွေ ပြည့်နှက်လျက် ရှိတာပေါ့။
ဤနေရာ၌ အဓိကတင်ပြလိုသည့်အချက်မှာالصراط المستقيم
ကုရ်အာန်ကပြညွှန်သော လမ်းကြောင်းစနစ်၊ နည်းလမ်းသည် ဖြောင့်မတ်မှန်ကန်၊ အချိုးစားကျဟန်ချက် ညီသော(linear and dynamic) အဖြောင့်၊အမတ်၊ အတည့်၊ အတန်းဖြစ်ပြီး အား အပြည့်ပါကာလှုပ်ရှား၊ ရှင်သန်၊ထက်မြက် တက်ကြွလျက်ရှိသည့် လမ်းကြောင်းစနစ်နည်းနာဖြစ်သည်။ လှေကားထစ်ကဲ့သို့ တစ် ဆင့်ပြီးတစ်ဆင့် မြင့်ကာမြင့်ကာ တိုး၍တိုး၍တက်လျက် လည်းရှိသည့် (progressive and ascend ing) စနစ်လမ်းကြောင်းလည်းဖြစ်သည်။ (cyclic) စက်ဝိုင်းပတ်သကဲ့သို့ ရစ်ပတ်နေသော အကွင်းလိုက် ဒါဖြစ် ပြီး ဒါပြန်ဖြစ်သော၊ ဒါဖြစ်ပြီး ဒါပြန်ဖြစ်သည့် စနစ်လမ်းကြောင်းနည်းနာမဟုတ်ပါ။ ကုရ်အာန်သည် ရုပ် ပိုင်း သဘာဝသက်သက်ကို တစ်ဖက်သတ်အားပြု ပေးခြင်းမရှိသလို နာမ်ပိုင်း روحاني (Spiritual) သက် သက်ကို လည်း တစ်ဖက်သတ် အားပေးလမ်းညွှန်ခြင်းလည်း မရှိပါ။ လောကီကိစ္စများကိုစွန့်လွှတ်ပြီး တောတောင်ထဲ၊ လှိုဏ်ထဲ၊ ဂူထဲ၊ ချောင်ထဲ၊ အခန်းအလုံပိတ်ပြီး တရားရှာခြင်း မျိုးစသည်တို့ကို လမ်းညွှန် ပြထားခြင်းမရှိကြောင်း-
ကုရ်အာန်ဆူရာ(၅၇)၊ အာယတ်(၂၇)တွင်- ورهبا نية ابتداعوها ما كتبناها عليهم الا ابتغاء رضوان الله فما رعوها حق رعايتها
” ရသေ့၊ ရဟန်း တောထွက်တရားကျင့်စဉ်စနစ်နည်းများ (Monasticism or Monastery)ကို လူတို့ ကသာ တီထွင်ကြံဆပြုလုပ်ထားကြသည်။ အလ္လာဟ်၏ကြည်ဖြူကျေနပ်သဘော ကျ မှုကို ရှာဖွေရရှိရေးအ တွက် လူတို့အပေါ် ၌ ယင်းရသေ့၊ ရဟန်း တောထွက်တရားကျင့်စဉ်စနစ်ကို ငါအရှင်လုံးဝပြဋ္ဌာန်းထား ခြင်းမရှိ။ ယင်းရသေ့၊ရဟန်း တောထွက်တရားကျင့်စဉ်စနစ်ကို လူတို့သည် မိမိတို့ကိုယ်တိုင်ကိုယ်ကျ သတ်မှတ်ပြ ဋ္ဌာန်းထားသော်လည်း မိမိတို့ကိုယ်၌ပင် ထိုက်ထိုက်တန်တန် ပြည့်ပြည့်၀၀ လိုက်နာကျင့်သုံး စောင့်ထိန်း ခြင်း အလျှင်းမရှိကြချေ။ “
လူ့လောက လူ့အသိုင်းဝန်းထဲ နေထိုင်အသက်ရှင်လျှက် အချိန်တန်လျှင် လူ့ကျင့်ဝတ်အတိုင်း အိမ်ထောင် ပြု၊ မိမိကဲ့သို့သော လူသားများ၏ နေ့စဉ်ဘ၀လှုပ်ရှားမှုများ၏ အရေးကိစ္စများတွင် ကျရာတာဝန်ဝတ္တရား များကို ကျေကျေ ပွန်ပွန်ထမ်းဆောင်၊ ဒုက္ခဆင်းရဲကို မျှစေခံစား၊ အတ္တပရမျှတပြီး တစ်ကိုယ်ကောင်းမ ဆန်ဘဲ လူ့ကျင့်ဝတ်များကိုကျေပွန်၍ လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြုသူ၊ အသုံးဝင်သူ၊ အသုံးတည့်သူ တစ်ဦးအဖြစ် ရာသက်ပန် စဉ်ဆက်မပြတ် နေထိုင်သွားလာခြင်းကိုသာ ကုရ်အာန်ကလမ်းညွှန်၏။ ယင်း အကြောင်း အရာကို ကုရ် အာန်သုံး ဝေါ ဟာရ လူ့ကိုယ်ရည်ကိုယ်သွေးမြှင့်တင်၊ မြင့်မား၊ တိုးတက်၊ ဖွံ့ဖြိုး စေ သည်ဟု ဆိုလိုပါသည်။
လွန်ခဲ့ပြီးစာမျက်နှာများတွင်လည်း ဖော်ပြပြီးသည့်အချက်တစ်ချက် ထပ်မံဆွေးနွေးလိုပါသည်။ ဤစကြာ ၀ဋ္ဌာကမ္ဘာလောကတွင် လူအပါအ၀င် သက်ရှိအားလုံးနှင့်ဆိုင်သောဥပဒေသ၊ နိယာ မတစ်ရပ်မှာသက်ရှိ တို့သည် မိမိတို့ရောက်ရှိနေထိုင်၊ အသက်ရှင်ကျင်လည် ကျက်စားနေရသည့် အရပ်ဒေသ၊ပတ်ဝန်းကျင်သ ဘာဝတွင် ဆက်လက်ရပ်တည်ရန် အရည်အသွေး၊ အစွမ်းအ စ တောင့်တင်းခိုင်မာသန်းစွမ်းမှုအပြည့် ရှိရန် အထူးလိုအပ်သည်။ လိုအပ်သော အရည်အသွေး၊ အစွမ်းအစ၊ တောင့်တင်းခိုင်မာကြံ့ခိုင်သန်းစွမ်း မှုမရှိ လျှင် ယင်းပတ်ဝန်းကျင် သဘာဝမှ အ နှေးနှင့်အမြန် ဖယ်ရှားပစ်လွင့် ပျောက်ပျက်လွင့်စင်သွား နိုင် သည်။
မိမိတွင် သက်ဆိုင်ရာပတ်ဝန်းကျင်သဘာဝနှင့် အစစအရာရာကိုက်ညီပြီး တောင့်တင်းခိုင်မာကြံ့ခိုင်သန် စွမ်းမှုရှိနေသမျှကာလပတ်လုံး ယင်းပတ်ဝန်းကျင်တွင် ဆက်လက် ခြေကုပ်မြဲမြံ အ တည်တကျဖြစ်နေ မည်လည်းဖြစ်သည်။ ယင်းသဘာဝတရားကို ကုရ်အာန်ဆူရာ(၁၃)၊ အာယတ်(၃၉)တွင် يمحو الله ما يشاء ويثبت وعنده ام الكتاب ” အလ္လာဟ်၏ ဖယ်ရှားပစ်လွင့်ခြင်းနှင့် ခိုင်မာ တောင့်တင်း တည်တံ့စေခြင်း ပြဋ္ဌာန်းချက် အတိုင်း အလ္လာဟ်သည် ဖယ်ရှားလွှင့်ပစ်စရာကို ဖယ်ရှားလွှင့်ပစ်လိုက်၏။ ခိုင်မာ တောင့် တင်းတည်တံစရာကို ခိုင်မာတောင့်တင်းတည် တံ့စေ၏။ ” နိယာမ၊ ဥပဒေသအပေါင်း၏ အခြေခံ၊ ပင်မ၊ အရင်းအမြစ်၊ အဓိက၊ ပဓာနသည် အရှင့်ထံ၌သာရှိ၏။ ထို့ကြောင့် လူတို့သည် မိမိနေ ထိုင် အသက်ရှင် ရပ်တည်နေရသည့် ပတ်ဝန်းကျင်၏ရေ၊ မြေ၊ လေ၊ အပူအအေး၊ အစား အသောက်တို့၏ ကောင်းကျိုးဆိုးကျိုးကို ခံနိုင်ရည်ရှိသူဖြစ်ရန်လို၏။ အလားတူပင် ပတ်ဝန်းကျင်ရှိ ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကြီးပွားရေး၊ သားသမီးရေးတွင် ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်ရင်ဆိုင်နိုင်သည့် အရည်အသွေး၊ ဇွဲလုံ့လကြိုးပမ်းမှုရှိရမည်။ မရှိသော် အလဲထိုးခံရပြီး အကွဲကွဲအပြဲပြဲ ဒဏ်ချက်များဖြင့် နောက်ဆုံး မိမိတို့အားလုံး နိဂုံးချုပ် ဇာတ်သိမ်းခန်းဖြင့် ဖယ်ရှားပစ်လွှင့် ချေမှုန်းခြင်းခံရမည်ဖြစ်သည်။
မွဖ်သီ ဦးမြတ်သူ(M.s.c ဆေး-၂(ငြိမ်း)
No comments:
Post a Comment