by Naykaw Lay on Monday, December 12, 2011 at 11:22am
ဦးစန်းအောင် (BSc)တင်ပြသည်။
ကျမ်းတော်မြတ်ကုရ်အာန်ကို အကျယ်တဝင့်ဖွင့်ဆိုခဲ့ကြရာဝယ် အစ္စလာမ်ဘက်သို့ ကူး ပြောင်းလာခဲ့ကြသော သာဗေအီန်းများ၊ သဗ္ဗသာဗေအီန်းကြီးများ၏ မူလဂျူးအယူအဆ များသည် လည်း အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လာခဲ့ကြလေသည်။ သာဗေအီန်းများနှင့် သဗ္ဗသာဗေအီန်းအများစုသည် မွတ်စလင်မ်အဖြစ်မွေးလာကြသူများမဟုတ်ဘဲ ဂျူးနှင့်ခရစ် ယာန်မိဘများမှ မွေးဖွားလာကြခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မှ အစ္စလာမ်သာသနာဝင်များအ ဖြစ် ကူးပြောင်းလာကြသူများ ဖြစ်ကြသည်။ ထို့ကြောင့်သူတို့ထံတွင် ဂျူးနှင့်ခရစ်ယာန်တို့ ၏ ဘာသာရေးဆိုင်ရာ အယူအဆများက လွှမ်းမိုးထားပြီးဖြစ်သည်။
အစ္စလာမ်ဘက်သို့ကူးပြောင်းလာပြီး ကျမ်းတော်မြတ်ကုရ်အာန်ကို ရှင်းလင်းဖွင့်ဆိုသောအ ခါ မူလကဂျူးနှင့်ခရစ်ယာန်တို့၏ အယူအဆများ၊ ရှင်းလင်းဖွင့်ဆိုချက်များကနေရာဝင်ယူ လာကြ ပေသည်။ ယင်းကဲ့သို့ ကျမ်းတော်မြတ်ကုရ်အာန်ကို ခရစ်ယာန်နှင့်ဂျူးတို့၏ သမိုင်း ဆိုင်ရာ၊ဘာသာရေးဆိုင်ရာ အချက်အလက်များအပေါ် အခြေခံပြီးဖွင့်ဆိုသော“တဖ်ဆီရ်” ဖွင့်ဆိုချက်ကို “အစ္စရာအီလ်တဖ်ဆီရ်” ဟု ခေါ်ဆိုပါသည်။ ယင်း “တဖ်ဆီရ်” ဖွင့်ဆိုချက် များသည် ဂျူးတို့၏ Talmud ကျမ်းနှင့် ခရစ်ယာန်တို့၏ Bible ကျမ်းပါ အချက်အလက်များ ကိုအဓိကအခြေခံထား လေသည်။
ယင်းသို့သော “တဖ်ဆီရ်” အမျိုးအစားသည် အနည်းငယ်သော အကျိုးရှိသည်မှန်သော် လည်း မွတ်စလင်မ်တို့အတွက် ဆိုးကျိုးကိုပို၍ ဖြစ်လာကြောင်း သုံးသပ်တွေ့ရှိရပေသည်။ အဘယ် ကြောင့်ဆိုသော် “အစ္စရာအီလ်တဖ်ဆီရ်” ဖွင့်ဆိုချက်အများစုက ကုရ်အာန်၏ မူလ ရည်ညွှန်းချက်နှင့် တက်တက်စင်အောင်လွဲသွားရသော အထောက်အထားအများ အပြားကို တွေ့ရှိရပေ သည်။
သို့သော်လက်ရှိအနေအထား၌ မွတ်စလင်မ်ထုအများ စုအကြား၌ ယင်း “အစ္စရာအီလ် တဖ်ဆီရ်” များကလုံးဝ အမြစ်တွယ်နေပြီးဖြစ်သည်။ ယင်းယုံကြည်ချက်များကသာ ဦး ဆောင်နေပြီး ကုရ်အာန်၏မူလ ဖွင့်ဆိုရည်ညွှန်းချက် ပျောက်ပျက်နေပြီးဖြစ်သည်။ ယင်း “တဖ်ဆီရ်” အယူအဆများကို မွတ်စလင်မ်တို့က အမြတ်တနိုးဖက်တွယ်ခြင်းသည်ပင်လျှင် တမန်တော်မုဟမ္မဒ် သည် ဂျူးနှင့်ခရစ်ယာန်တို့၏ ယုံကြည်ချက်များကို ပုံတူကူးချပြီး အစ္စလာမ် ကို ထူထောင်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို အတည်ပြုထောက်ခံ ပေးနေသလို ဖြစ်နေရ၏။
“ အစ္စရာအီလ်တဖ်ဆီရ်” ကိုပြုစုခဲ့သော သာဗေအီန်းများ အများအပြားရှိသည့်အနက် ထင် ရှားကျော်ကြားသည့် သာဗေအီန်းကြီးများမှာ-ကအာဘ် အလ် အဟ်ဘားရ် (Ka’ab al- Ahbaar (d.32A.H)၊ ဝဟားဘ် အိဗ်နေ့မူနာဘိဟ် (Wahb ibn Munnabih(d.110 A.H)၊ အဗ်ဒွလ်မာလိက် အိဗ်နေ့ အဗ်ဒွလ်အဇီဇ် အိဗ်နေ့ဂျိုရိုင်(ဂ်ျ)(Abdul-Malik Ibn Abdul Azeez Ibn JurayJ(d.159A.H))တို့ဖြစ်ပါသည်။
နောက်ပိုင်းတွင် အလွန်ထင်ရှားကျော်ကြားလှသော တဖ်ဆီရ်ပညာရှင်ကြီးများဖြစ်ကြသည့် အေမာမ်တွဗ်ရီ(d.310 A.H) နှင့်အိဗ်နေ့ကဆီရ်(d.774 A.H) တို့သည်ပင်လျှင် “အစ္စရာ အီလ် တဖ်ဆီရ်” အများအပြားကို သူတို့၏ “တဖ်ဆီရ်” ကျမ်းများ၌ လက်ခံအသုံးပြုလာ သည်ဟု သတ်မှတ်ခြင်းခံခဲ့ရပေသည်။
“အစ္စရာအီလ်တဖ်ဆီရ်” ကိုအဆင့်အတန်းပေါ်မူတည်၍ (၃)မျိုးခွဲခြား နိုင်ပေသည်။
ပထမတစ်မျိုးမှာ ကုရ်အာန်နှင့်တူညီသော၊ ကိုက်ညီသော အမျိုးအစားဖြစ်သည်။ကျမ်း တော်မြတ်ကုရ်အာန်ထဲတွင် ရှေးဟောင်းလူမျိုးတို့၏ အကြောင်းများပါဝင်သလို Bible ကျမ်းထဲ၌ လည်းယင်းအကြောင်းများပါဝင်သည်။ ဥပမာ နူးဟ်နဗီခေတ်ကမ္ဘာရေလွှမ်းခြင်း၊ တမန်တော်အီဘရာဟင်မ်နှင့် တမန် တော်မူစာအစရှိသော တမန်တော်များ၏ အတ္ထုပ္ပတ္တိ များသည် Bible ၌ပါဝင်သလို ကုရ်အာန်၌လည်းပါဝင်သည်။ ထို့ကြောင့်ယင်း ကဲ့သို့ ဖော်ပြ ပါအချက်အလက်များ တူညီသည့် အပေါ် “တဖ်ဆီရ်” ဖွင့်ဆိုချက်တူညီကြသည့် “တဖ် ဆီရ်” ဖွင့်ဆိုမှုမျိုးဖြစ်သည်။
ဒုတိယတစ်မျိုးမှာ ကုရ်အာန်နှင့် လုံးဝဆန့်ကျင်သော “ အစ္စရာအီလ်တဖ်ဆီရ်” အမျိုးအ စားဖြစ်သည်။ ဥပမာ Bible ကျမ်းတွင်တမန်တော်လူသ်သည် သူ၏ ချွေးမနှင့်ကာမဆက် ဆံသည်ဟု ဖော်ပြထားသည်။ တမန်တော်ဆူလိုင်မာန်သည် သူ၏ဗိုလ်ချုပ်တစ်ဦး၏ ဇနီးမ ယားကို လိုချင်၍ ထိုစစ်ဗိုလ်ချုပ်ကို သေဒဏ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။ အမှန်တ ကယ်၌မူ ယင်းသို့ သောအပြုအမူများကို အလ္လာ့ဟ်တမန်တော်များက လုပ်ကိုင်သည်ဟု အစ္စလာမ်ယုံကြည်ချက်အရ လက်ခံယုံကြည်ရန် လုံးဝမဖြစ်နိုင်ပေ။ တဖန်အလ္လာဟ်အရှင် မြတ် နှင့်ပါတ်သက်၍ အလ္လာဟ်အရှင်မြတ် (ထာဝရဘုရားသခင်)ကို နောင်တရတတ်သူ၊ မောပန်းတတ်သူ၊ သတိမထားတတ်သူ သဘောမျိုးဖော်ပြထားသည်ကို လေ့လာတွေ့ရှိ ရပေသည်။ ယင်းကဲ့သို့သော အလ္လာဟ်အရှင်မြတ်နှင့် သော်လည်းကောင်း၊ တမန်တော် များနှင့် သော်လည်းကောင်း မလျော်မကန်ဖော်ပြချက်များကို အခြေပြုထားသည့် “တဖ် ဆီရ်” မျိုးကို “အစ္စရာအီလ်တဖ်ဆီရ်” ဒုတိ ယအမျိုးအစားအဖြစ် သတ်မှတ်နိုင်ပေသည်။
နောက်ဆုံးတတိယအမျိုးအစားမှာ ကျမ်းတော်မြတ်ကုရ်အာန်၌ အကြောင်းအရာအားဖြင့် ဖော်ပြထားသော်လည်း အမည်နာမ၊နေရာဒေသ၊ အချိန်ကာလစသည့် အသေးစိပ်အချက် အလက် များကို မဖော်ပြထားသည့်အပေါ် “အစ္စရာအီလ်တဖ်ဆီရ်”များက အမည်နာမ၊နေ ရာဒေသ၊အချိန်ကာလကို အတိအကျ ရည်ညွှန်းဖော်ပြပြီး ပုံပြင်ဇာတ်လမ်းပမာဖွင့်ဆိုသော တဖ်ဆီအမျိုးအ စားဖြစ်သည်။ ယင်းကဲ့သို့သော “အစ္စရာအီလ်တဖ်ဆီရ်” များကိုလေ့လာ နိုင်ရန် အောက်ပါအတိုင်း ဥပမာအချို့ကိုတင်ပြလိုက်ပါသည်။
ဆူရာဟ်အမှတ်(၁၈)တွင်ပါရှိသော ဂူအတွင်းအိပ်ပျော်နေသူများနှင့် အတူရှိသောခွေးအ ရောင်ကို ယင်းတဖ်ဆီရ်များ၌တွေ့ရပေသည်။ အာဒမ်၏ဇနီးအမည်(ဟောင်ဝါ)ဖြစ်သည် ကို ယင်း တဖ်ဆီရ်များ၌တွေ့ရပေသည်။ အာဒမ်နှင့်ဟောင်ဝါတို့ ဂျန္နသ်မှလူ့ပြည်သို့ကျ ရောက်လာရာ ရှေးဦးစွာ တကွဲတပြားဖြစ်သွားကြပြီး ရဟ်မာသ်အမည်ရှိတောင်(ဂျဘ လွလ်ရဟ်မသ်) ၌ပြန် လည်ဆုံတွေ့ကြသည်ဟု ယင်း “တဖ်ဆီရ်”များက နေရာဒေသ အ တိ အကျကိုဖော်ပြကြသည်။
တမန်တော်ယူစွဖ်နှင့် ပြဿနာဖြစ်သည့်အမျိုးသမီးကို ဇူလိုင်ခါဟုအမည်သတ်မှတ်၍ ဖြစ် ပျက်ပုံအလုံးစုံကို အချိန်ကာလ၊နေရာဒေသနှင့်တကွ စီကာပတ်ကုံးဖွဲ့နွှဲ့တင်ပြပြီး “တဖ် ဆီရ်” အဓိပ္ပါယ်ဖွင့်ဆိုထားကြောင်းတွေ့ရပေ သည်။ တမန်တော်မူဆာအားစကား ပြော သောသစ်ပင်ကို ပုံနှင့်တကွ အမျိုးအမည် နှင့် တကွတင်ပြဖွင့်ဆိုထားလေသည်။
အမှန်တကယ်၌ ကျမ်းတော်မြတ်ကုရ်အာန်တွင် အထက်ဖော်ပြပါ အမည်နာမများ၊ နေရာ ဒေသများ၊ အရောင်အသွေးများကိုဖော်ပြထားခြင်းမရှိပါ။ ယင်းသို့အတိအကျဖော်ပြထား ခြင်းမရှိ သည့်အပေါ် မွတ်စလင်မ်တို့က အနှစ်သာရကိုသဘောမပေါက်ပဲ အမည်နာ မ၊ နေရာဒေသ၊ အချိန်ကာလနှင့်တကွ အတိအကျဖော်ပြထားသည့်ပုံပြင်ဆန်ဆန်ဖော်ပြထား ချက်များကိုသာ မွတ်စလင်မ်တို့က နှစ်သက်သဘောကျသည့်အပေါ် ယင်းတတိယအမျိုး အစား “အစ္စရာအီလ်တဖ်ဆီရ်” များက မွတ်စလင်မ်တို့၏ ယုံကြည်ချက်များအပေါ် လွှမ်းမိုး နေရာယူသွားလေတော့ သည်။
တနည်းအားဖြင့်ဆိုလျှင် ကျမ်းတော်မြတ်ကုရ်အာန်၏ ဖော်ပြချက်တစ်ရပ်ကိုဓမ္မဓိဌာန်ကျ ကျ တရားသဘော၊သဘောတရားတို့နှင့်တကွမှတ်သားနာယူရမည့်အစား မွတ်စလင်မ်တို့ က ဇာတ် လမ်းဇာတ်ကောင်ပိုင်းကို အဓိကထား၍ ပုဂ္ဂလဓိဌာန်ဆန်စွာရှုမြင်သုံးသပ်လို သည့်သဘောမျိုးကိုပိုမိုတွေ့ရှိရပေသည်။ ယင်းအချက်က “အစ္စရာအီလ်တဖ် ဆီရ်” များ ကို ဖိတ်ခေါ်ရန်အ ကြောင်းဖန်ခဲ့ပေသည်။
ယင်းကဲ့သို့ “အစ္စရာအီလ် တဖ်ဆီရ်” များနှင့်ပက်သက်၍ ကျမ်းတော်မြတ် ကုရ်အာန်က မည်ကဲ့သို့လမ်းညွှန်ထားသည်ကိုလေ့လာနိုင်ရန် ကုရ်အာန် (၁၈း၂၂)ကိုတင်ပြလိုက်ပါ သည်။ အချို့ သူတို့က လုလင်ပျိုများမှာသုံးဦးဖြစ်၏။ စတုထ္ထမြောက်မှာ သူတို့၏ ခွေးဖြစ် သည်ဟုဆိုကြပေလိမ့်မည်။ အချို့ကလည်းငါးဦးဖြစ်သည်။ ဆဌမမြောက် မှာ သူတို့၏ခွေး ဖြစ်သည်ဟု အသိမဲ့စွာ ပြောဆိုကြပေမည်။ အချို့ကမူ လု လင်ခုနှစ်ဦးဖြစ်၍ အဌမမြောက် မှာသူတို့၏ ခွေးဖြစ်သည်ဟု ဆိုကြပေမည်။ သူတို့သည် အနည်းငယ်မှလွဲ၍ ဘာကိုမျှသိရှိ ကြသည်မဟုတ်ဘဲ ငါ့အားစီရင် ဖြစ်ထွန်းမွေးမြူတော်မူသော အရှင်မြတ်သာလျှင် အရေအ တွက်အတိအကျ ကိုသိရှိတော်မူသည်ဟု အသင်တမန်တော်ပြောကြားပါလေ။ သို့ဖြစ်ပေ ရာသူတို့နှင့်ပက်သက်၍ အပေါ်ယံ ကြောဆွေးနွေးသည်မှအပ အခြေအတင်ငြင်းခုံ ဆွေး နွေးခြင်းမပြုပါလေနှင့်။ တစ်ဦးတစ်ယောက်ကိုမျှ မေးမြန်းစုံစမ်းခြင်းမပြု ပါနှင့်။(ကုရ်အာန် ၁၈း၂၂)
အထက်ပါအာယတ်တော်က ကျမ်းတော်မြတ်ကုရ်အာန်ကျရောက်စဉ်ကတည်းက ရှေး ကျမ်းရသူတို့၏ အဆိုအမိန့်များ၊ အယူအဆများ၊ထင်မြင်ချက်များ၊ ပုံပြင်ဇာတ်လမ်းများရှိ နေပြီးဖြစ်ရာ သူတို့၏ယူဆပြောကြားချက်များမှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားနေကြောင်းကို ရှင်းရှင်းလင်းလင်းမီးမောင်းထိုးပြ လိုက်ခြင်းသာဖြစ်သည်။ ထို့ကြောင့် မွတ်စလင်မ်တို့အ နေနှင့်ကျမ်းတော် မြတ် ကုရ်အာန်ပါ အာယတ်တော်အချို့နှင့်ပက်သက်၍ အလ္လာဟ်အရှင် မြတ်က အကြောင်းအရာကိုသာဖော်ပြပြီး အရေအတွက်၊နေရာဒေသ၊အချိန်ကာလ လူ ပုဂ္ဂိုလ်စသည်တို့အား ဖော်မပြဘဲ ချန်လှပ်ထားခြင်းကို ဓမ္မဓိဌာန်ကျကျ သဘောမပေါက် ဘဲ ထင်မြင်ယူဆချက်များကိုရှေ့တန်းတင်ပြီး အရေအတွက်၊ နေရာဒေသ၊အချိန်ကာလ၊ လူပုဂ္ဂိုလ်စသည်တို့ကို လှေနံဓားထစ်ဖော်ပြ လာခဲ့ သည်ရှိသော် ယင်းဖော်ပြချက်မျိုးကို အလ္လာဟ်အရှင်မြတ်ကတားမြစ်ပိတ်ပင် ထားကြောင်းယင်းကုရ်အာန်(၁၈း၂၂)အရသိရှိနိုင်ပေသည်။
ဆိုလိုသည်မှာ ကျမ်းတော်မြတ်ကုရ်အာန်နှင့်ပက်သက်၍ ထင်မြင်ယူဆဖွင့်ဆိုထားသော “အစ္စရာအီလ်တဖ်ဆီရ်” များကိုကုရ်အာန်ကတိတိလင်းလင်းငြင်းဆိုထားခြင်း ဖြစ်သည်။
ဦးစန်အောင်(BSc) ၏ အစ္စရာအီလ်တဖ်ဆီရ် စာအုပ်မှရိုက်နှိပ်တင်ပြသည်။
ဖရီဒါလွင်
No comments:
Post a Comment