Tuesday, January 3, 2012

အစ္စရာအီလ်တဖ်ဆီရ် (၂)

   ဦးစန်းအောင် (BSc)တင်ပြသည်။
မွတ်စလင်မ်တို့အတွက် ပို၍ဆိုးသည်မှာ ကုရ်အာန်နှင့်ပါတ်သက်၍ “အစ္စရာအီလ်တဖ် ဆီရ်” များသာမက “ပါရှန်းတဖ်ဆီရ်” များကလည်း အလုံးအရင်းနှင့်လှိမ့်၍ ဝင်ရောက် လာ၍ မွတ်စ လင်မ်တို့အနေနှင့် ယင်း “တဖ်ဆီရ်” လှိုင်းတံပိုးကြီးများအောက်တွင် အလူး အလဲခံနေကြရပေသည်။ ကျမ်းတော်မြတ်ကုရ်အာန်၏ တဖ်ဆီရ်အမှန်ကို မရှုမြင်နိုင်တော့ ပေ။
ကျမ်းတော်မြတ်ကုရ်အာန်က “အစ္စရာအီလ်တဖ်ဆီရ်” များကိုပြတ်ပြတ်သားသားတားမြစ် သော်လည်း “ဟဒီးဆ်” ကျမ်းများ၌မူ အယူအဆနှစ်မျိုးကိုတွေ့ ရှိရပေသည်။ ပထမတစ် မျိုးမှာ – တမန်တော်မြတ်က ဤသို့မိန့်တော်မူ၏။ ငါ့ထံမှ အာယသ်တစ်ကြောင်းဖြစ်ပါစေ- သင်တို့ငါ၏ အာယသ်တော်ကို ဖြန့်ချိပို့ချကြလေကုန်။ ထို့ပြင် “ဘနီအစ္စရာအီလ်” တို့ထံမှ ဆင့်ပြန်ချက်တစ် ရပ်ဖြစ်ပါစေ။ သင်တို့တုံ့ ဆိုင်းခြင်းမပြုဘဲဖြန့်ချိကြလေ။
(ဘိုခါရီကျမ်း)

အထက်ပါ“ဟဒီးဆ်”အရတမန်တော်မြတ်က“အစ္စရာအီလ်တဖ်ဆီရ်”ကိုခွင့်ပြုထားသည့် သဘောသက်ရောက်နေပေသည်။ ဒုတိယတစ်မျိုးမှာ – အဟ်မဒ်ကဤသို့ဆင့်ပြန်ခဲ့လေ သည်။ တစ် နေ့သ၌ ‘ဟဇရသ်အုမရ်’ သည် ‘သောင်ရသ်’ ကျမ်းတစ်စောင်ကိုကူးယူ ပြီး တမန်တော်မြတ်ထံ ရောက်ရှိလာခဲ့သည်။ တမန်တော်မြတ်က ‘အို-အုမရ်၊ သင်ယူလာတာ ဘာလဲ’ ဟုမေးမြန်း လေသည်။ ဟဇ်ရသ်အုမရ်က ‘ဤအရာ သည် ‘သောင်ရသ်’ ကျမ်းဖြစ် သည်။ ကျွန်ုပ်၏အသိဥာဏ်ကို ပိုမိုတိုးပွားစေ လိုသောကြောင့် ဤကျမ်းကို ကျွန်ုပ်မိတ္ထူ ကူးယူလာရခြင်းဖြစ်သည်’ ဟု ပြန် လည်လျှောက်တင်လေသည်။ ထိုအခါတမန်တော် မြတ်သည် အလွန်စိတ် ဆိုးဒေါသထွက်ပြီး ပါးပြင်တစ်ခုလုံး နီမြန်းသွားကာသူ၏ဆွဟာ ဗာကြီးများ အားလုံးကို ဗလီသို့ဆင့်ခေါ် စုရုံး စေလိုက်သည်။ထို့နောက်အားလုံးရှေ့တွင် မတ်တတ် ရပ်ကာ-
‘အို-ဆွဟာဗာအပေါင်းတို့၊ ငါသည်သင်တို့အားလုံးအတွက် အလွန်တိကျပြီးအလွန်မှန်ကန် သော ကုရ်အာန်ကိုပေးအပ်ခဲ့ပြီးဖြစ်ရာ ယင်း၏အသိပညာသည်သာ အစစ်မှန်ဆုံးဖြစ် သည်။ သို့ ဖြစ်ရာ သင်တို့လမ်းမလွှဲကြလေနှင့်’ ဟုမိန့်ကြားထားတော်မူလေသည်။
အထက်ပါ “ဟဒီးဆ်” အရတမန်တော်မြတ်က “အစ္စရာအီလ်တဖ်ဆီရ်” ကို တားမြစ်ထား သည့် သဘောမျိုးတွေ့ရပေသည်။ မည်သို့ပင်ဆိုစေ “ဟဒီးဆ်”အရဆိုလျှင် “အစ္စရာအီလ် တဖ်ဆီရ်” ကိုကြိုက်သူများက ပထမ “ဟဒီးဆ်” ကို လက်ခံနှစ်ခြိုက်ကြမည်ဖြစ်ပြီး “အစ္စရာ အီလ်တဖ်ဆီရ်” ကိုမကြိုက်သူများက ဒုတိယ “ဟဒီးဆ်” ကို လက်ညှိုးထိုးပြကြမည်သာ ဖြစ်သည်။
ဆက်လက်ပြီး “အစ္စရာအီလ်တဖ်ဆီရ်” များ၏လွှမ်းမိုးထားမှုက ကျမ်းတော်မြတ်ကုရ်အာန် ကို “တဖ်ဆီရ်” အကျယ်ဖွင့်ဆိုရာ၌ အတိုင်းအတာတစ်ခုအထိ ကျယ်ကျယ်ပြန့်ပြန့် ထိုး ဖောက်မွှေ နောက်ထားမှုများအနက် အချို့ကို တင်ပြ လိုပါသည်။
ကျမ်းတော်မြတ်ကုရ်အာန် (၂း၃၅) တွင် လူ့အဖွဲ့အစည်း တစ်ရပ်အတွက် အလ္လာဟ်အရှင် မြတ်က လိုလေသေးမရှိအောင် ထောက်ပံ့ဖြည့်တင်းထားပေးပြီး ယင်းအထောက်အပံ့များ ကိုလွတ် လပ်စွာ ဖောဖောသီသီ မှီဝဲရယူနိုင်ကြောင်းနှင့် လူ့အဖွဲ့အစည်းကို ဖျက်လိုဖျက်စီး ဖြစ်စေမည့် အနေအထား အချက်အလက် အကြောင်းအရာ လုပ်ရပ်ကိုမူ အနီးအနားသို့ ပင် မကပ်ရန်တား မြစ်ထားပုံကို အောက်ပါအတိုင်းဖော်ပြထားလေသည်။
ငါအလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ-
(အို-အာဒမ်၊သင်နှင့်သင်၏ကြင်ယာဖက်(သင်နှင့်ခေတ်ပြိုင်အတူရှိကြသူများ)တို့သည်  ‘ဂျန္နသ်’ဟူသောအေးချမ်းသာယာ တည်ငြိမ်သန့်ရှင်းမှုကို ရယူအမှီသဟဲပြုကြလေကုန်။ပြီး နောက် ငါ အရှင်မြတ်ထောက်ပံ့ထားသည့် အရာများကို ဝဝလင်လင်ဖောဖောသီသီ မှီဝဲ စားသုံးကြလေကုန်။ သို့သော်ဤသစ်ပင်အနီးသို့ သင်နှင့်သင်၏ကြင်ယာဖက်တို့ လုံးဝမ ကပ်ကြလေနှင့်။ သို့မ ဟုတ်ကသင်တို့နှစ်ဦးသည် မတော်မတရား ကျူးလွန်သူများဖြစ် သွား ကြလိမ့်မည်။) (ကုရ်အာန်၂း၃၅)
အထက်ပါအာယတ်တော်၏ ရည်ညွှန်းချက်က လူသားတို့အတွက် တိုးတက်သောလူ့အဖွဲ့ အစည်းတစ်ရပ်ကို ထူထောင်ရေး၌ Road Map တစ်ရပ်ပင်ဖြစ်သည်။ လူ့အဖွဲ့အစည်း တစ်ရပ် အ တွက် များစွာသော သင်ခန်းစာယူရမည့် အချက်အလက်များ ပါဝင်လေသည်။ ယင်းအာယသ်တော်တွင် ပါဝင်သော زَؤجٌဆိုသည့် စကားရပ်ကို “အစ္စရာအီလ်တဖ်ဆီရ်” အရဆိုလျှင် “အာဒမ်” ၏ဇနီးသည် “ဟောင်ဝါ” ကိုရည်ညွှန်းသည်ဟု ဖွင့်ဆိုကြလေသည်။ သို့သော်ကုရ်အာန်၌ “ဟောင်ဝါ” ဟူသော စကားလုံးမပါရှိချေ။ Bible ၌မူ “ဟောင်ဝါ” ဟု ပြဆိုထားသည်ကိုတွေ့ ရှိရပေ သည်။
အမှန်တကယ်၌မူ ကုရ်အာန်ဆိုင်ရာ သဘောတရားရေးရာအရဆိုလျှင် အထက်ပါကုရ် အာန်(၂း၃၅)တွင် သုံးနှုန်းထားသော ادم ဆိုသည်မှာ လူသားတစ်ဦးချင်းကို ရည်ညွှန်း ခြင်းဖြစ်ပြီး ﺯﹶﻭﹸﺠﹶﻙﹶ ဆိုသည်မှာ ယင်းလူသားနှင့်ခေတ် ပြိုင်အတူရှိနေသည့် လူ့ပတ်ဝန်း ကျင်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ယင်းအာ ယသ်က လူနှင့်လူ့ပတ်ဝန်းကျင်သည်အမြဲတမ်း ဆက်စပ်အမှီသ ဟဲပြုနေမှုကို ရည်ညွှန်းပြဆိုနေ၏။ လူသားတစ်ဦးချင်း၏ ကောင်းမှု မ ကောင်းမှုသည် လူ့ပတ်ဝန်းကျင်တစ်ခုလုံးကို အကျိုးသက်ရောက်မှုရှိသလို လူ့ပတ်ဝန်း ကျင်၏ ကောင်းမှုမကောင်းမှု သည်လည်း ယင်းပတ်ဝန်းကျင်ကို အမှီသဟဲပြုနေရသည့် လူ တစ်ဦးချင်းအပေါ် အကျိုးသက်ရောက်မှု ရှိနေကြောင်းကို ရည်ညွှန်းဖော်ပြလျက်ရှိ သည်။ ယင်းသည်ပင်လျှင် အလ္လာဟ်အရှင် မြတ်၏စီရင်ဖြစ်ထွန်းစေမှု ဆိုင်ရာစနစ်ဇယား  ﻨﹺﻅﹶﻠ۹ﺭﺒﻭﺠﻴﻪ တစ်ရပ်ဖြစ်သည်။
သို့သော် ယင်းအာယသ်တော်နှင့် ပတ်သက်ပြီး ကုရ်အာန်၏မူလ အနှစ်သာရပျောက်ပြီး “အစ္စရာအီလ်တဖ်ဆီရ်” များကဖွင့်ဆိုသော “အာဒမ်” နှင့် “ဟောင်ဝါ” ဇာတ်လမ်းကသာ အစ္စလာမ့် ယုံကြည်ချက်တွင် ဖုံးလွှမ်းနေလေ၏။ ယင်းအာယသ်တော်တွင် ပါဝင်သော ﺸﺠﺭﺓ ဟူသည့် စကားလုံးကို သစ်ပင်တစ်ပင်ဟု ကောက်ချက်ချလိုက်သည့်အပေါ် ယင်း အပင်သည် ဘယ်လို အပင်ဖြစ်ပါသည်ဆိုသည့် အယူအဆနှင့်ပတ်သက်၍ အငြင်းပွားဖွယ် ရာများ ကလည်းဖြစ်လာရ၏။
အမှန်တကယ်၌မူ ယင်း ﺸﺠﺭﺓ ဆိုသည့်စကားလုံးသည် လူတွေသတ်မှတ်ရည်ညွှန်းခြင်း ပြုသောသစ်ပင်ကို ရည်ညွှန်းခြင်းမပြုဘဲ အရှက်အကြောက်နှင့်သိက္ခာသမာဓိကင်းမဲ့ခြင်း ကိုရည် ညွှန်းဖော်ဆောင်ပြုခြင်းဖြစ်သည်။ ယင်းကဲ့သို့ အရှက်အကြောက်နှင့် သိက္ခာသမာ ဓိကင်းမဲ့ခြင်းသည် လူ့အဖွဲ့အစည်းအတွက် အေးချမ်းသာယာဆိုပြည်သော “ဂျန္နသ်”ဟူ သည့်သဘော တ ရားကို ဖျက်ဆီးချေမှုန်း ပစ်မည်သာဖြစ်သည်။ ထို့ကြောင့် တည်ငြိမ် အေးချမ်းသာယာသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖျက်လိုဖျက်ဆီးအသွင်သဏ္ဍန်ဆောင် သည့် အရှက်အကြောက်နှင့် သိက္ခာသမာဓိကင်းမဲ့ခြင်းဟူသော မကောင်းမှုအနီးသို့သင် တို့ မကပ်ကြနှင့်ဟူ၍ အလ္လာဟ်အရှင်မြတ်က အမိန့်ပေးခြင်းဖြစ်သည်။
သို့သော် “အစ္စရာအီလ်တဖ်ဆီရ်” အရဆိုလျှင် အထက်တွင်တင်ပြခဲ့သော ကုရ်အာန်၏ဖွင့် ဆိုမှုမျိုးက တိမ်မြုပ်ပျောက်ကွယ်လျက်ရှိပေသည်။ ယင်းအာ ယသ်တော်၏ အဆုံးသတ် တွင် -
သင်တို့သည်ယင်းအပင်အနီးသို့ချဉ်းကပ်လျှင် ဇွာလင်(မ)များဖြစ်သွားကြမည်ဟု အတိအ လင်းပြဌာန်းထားရာဇွာလင်(မ)၏အခြေခံသဘောမှာအရှက်အကြောက်ကင်းမဲ့ခြင်း၊သိက္ခာ သမာ ဓိကင်းမဲ့ခြင်းသဘောဖြစ်သည်။
ဆက်လက်ပြီး ကျမ်းမြတ်ကုရ်အာန်(၂း၃၆)တွင်-
သို့ဖြစ်ရာ ရှိုင်တွာန်မာရ်နတ်သည် သူတို့နှစ်ဦးအား ဖြားယောင်းသွေးဆောင်ခြင်း အားဖြင့် မှားယွင်းချွတ်ချော်စေပြီး တည်ငြိမ်အေးချမ်းသော ဂျန္နသ်အနေအထားမှ ကင်းကွာအောင် ပြုလုပ်ခဲ့ သည်။(ကုရ်အာန်၂း၃၆)
အထက်ပါ အာယသ်အရဆိုလျှင် ရှိုင်တွာန်၏ ဖြားယောင်းသွေးဆောင်မှုကို နှစ်ဦးလုံးက ခံကြရပေသည်။ သို့သော် “အစ္စရာအီလ်တဖ်ဆီရ်”များအရ ရှိုင်တွာန်ကဇနီးဖြစ်သူ“ဟောင် ဝါ”ကို ဦးစွာဖြားယောင်း သွေးဆောင်သည်ဟုသိရှိရပေသည်။ မွတ်စလင်မ်တို့၏ ဟဒီးဆ် ကျမ်းများကလည်းယင်း “အစ္စရာအီလ်တဖ်ဆီရ်”ကို လက်ခံကူးယူ မှတ်တမ်းတင်ထား သည်ကိုတွေ့ရှိ ရပေသည်။
သာမန်အနေအထား၌ ယင်းဖြစ်စဉ်သည် အရေးမကြီးဟုထင်ရသော်လည်းအမှန်တကယ် ၌မူ အမျိုးသမီးတို့သည် အလ္လာဟ်အရှင်မြတ် အမိန့်တော်ကို ချိုးဖောက်ရာ၌ အမျိုး သားတို့ထက် ရှေ့တန်းကပိုမိုပါဝင် လုပ်ဆောင်ကြသည်ဟူသော အယူအဆတစ်ရပ်က နေရာဝင်ယူလာပေတော့သည်။ ဤတွင်အမျိုးသမီးများကို ဖိနှိပ်ချုပ်ချယ်ထားပါမှ တော် ကာကျမည်ဟူသော အ တွေးအခေါ်ကလည်း လွှမ်းမိုးလာပေတော့သည်။ သို့ဖြစ်ရာ မွတ် စလင်မ်လူ့အသိုင်း အဝိုင်းအတွင်း၌ အမျိုးသားနှင့်အမျိုးသမီးတို့အကြား အခွင့်အရေးမတူ ညီမှုများ၊ မညီမျှမှုများ၊ နိုင်ထက် စီးနင်းမှုများ၊ ဖိနှိပ်မှုများ ဖြစ်ပေါ်လာရပေသည်။ အမှန်တ ကယ်အားဖြင့် ယင်းကိစ္စရပ်များသည် ကျမ်းတော်မြတ်ကုရ်အာန်၏ ပြဌာန်းချက်မဟုတ်ဘဲ “အစ္စရာအီလ်တဖ်ဆီရ်” များကိုပုံတူကူး ချရာမှ ဖြစ်ပေါ်လာရသော အကျိုးဆက်များ အနက် တစ်ရပ်ဖြစ်သည်။
ဦးစန်းအောင်၏ အစ္စရာအီလ်တဖ်ဆီရ် စာအုပ်မှ
ပြန်လည်ရိုက်နှိပ်တင်ပြသည်။

No comments:

Post a Comment